Part 17 ( Uni + Zawgyi)

2.3K 119 9
                                    

( Unicode )

(ကလေးမနေ့ညက ကိုဖုန်းပြောနေတာကို နားစွန်နားဖျားကြားခဲ့တာမဟုတ်ပါဘူးကို...အကုန်လုံးကိုကြားခဲ့တာပါ။
ဘာတဲ့ ကို့အမေက ချစ်သူရှိလားမေးတော့ မရှိဘူးတဲ့လား....ဒါဆိုကလေးကဘာလဲ ကို....ပြီးတော့ကြားလိုက်ပါသေးတယ် ပြန်ရောက်ရင် ပန်းအိနဲ့တစ်ခါတည်းစေ့စပ်ပေးတယ်တဲ့....
ကိုပြန်ပြောတာက စောပါသေးတယ်တဲ့
ကိုဘာလို့များပြတ်ပြတ်သားသားမငြင်းလိုက်ရတာလဲ...မငြင်းရဲတာလားကို.....  )

" ကလေး...ဘာဖြစ်နေတာလဲဟင် "

ကျွန်တော်အားနောက်မှ သိုင်းဖက်ကာမေးလာသောလူကြီး

" ဟင့်အင်း "

ကျွန်တော်မနက်ဘုရားမှ ပြန်လာသည့်အချိန်မှစ၍ လူကြီးနှင့်စကားမပြောဖြစ်ပါ။လူကြီးနားလဲမနေပဲ နှင်းသက်တို့နှင်သာ စကားပြောနေလိုက်၏။
ညရောက်တော့လဲ ထမင်းစားပြီးသည်
နှင့် အိပ်ရာထဲသို့တန်းဝင်လာကာ အတွေးများနေခြင်း...လူကြီးကအနားရောက်လာတာတောင်မသိလိုက်

" ဟုတ်လို့လား... "

" အင်း "

" တစ်ခုခုတော့ဖြစ်နေပါတယ်ကွာ...တစ်နေ့လုံးကိုယ့်နားလဲမနေဘူး
စကားလဲမပြောဘူး.. "

" ခုကစကားပြောနေတာမဟုတ်ဘူးလား ကိုရယ်.. "

" ကလေးကိုယ့်ကို ရှောင်နေသလိုပဲ "

" ကို့ ကိုသာ ရှောင်နေတယ်ဆိုရင် ရှင်းမြတ် တို့အခန်းထဲပဲသွားအိပ်မှာပေါ့ ကိုရာ "

" ကလေး...ကိုယ့်ဘက်လှည့် "

" အိပ်ချင်နေပြီ.. အိပ်တော့မယ် "

" ကလေး..လှည့်ကွာ "

" ဘယ်လိုဖြစ်နေတာလဲကိုရာ.."

ကျွန်တော်အော်ပြောလိုက်ပြီး ထထိုင်လိုက်သည်။လူကြီးကလဲ ထထိုင်ကာ..

" ကိုယ့်ကိုမအော်နဲ့ ကလေး... "

မျက်နှာငယ်လေးနှင့်ပြောလာသောလူကြီး

" ဟူးးး... အိပ်တော့ကို "

" ဟင့်အင်း...မအိပ်ဘူး "

" ကိုရာ ပြောရခတ်လိုက်တာ "

" ......... "

" လာခဲ့..ဒီကို "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now