Part 22 ( Uni + Zawgyi)

2.4K 107 4
                                    

( Unicode)

" ဟင်..မေမေ "

လူကြီးကအလွန်အံ့သြသွားဟန်..
မေမေ.... ဒါဆိုသူတို့ကလူကြီးရဲ့မိသားစုတွေပေါ့။ အမျိုးသမီး၏မျက်နှာသည်ခတ်ထန်လျက်။ကျန်နှစ်ယောက်ကတော့ အံသြနေဟန်။

" အေး..ဟုတ်တယ် ငါ့နင့်အမေပဲ လင်းမြတ်မင်းခန့် "

လူကြီး၏အမေက ကျွန်တော်တို့၏မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ
ပြောလာသည်။
လူကြီးအဖေနှင့် ညီမဖြစ်သူကလဲလူကြီးအမေဘေးတွင်ဝင်ထိုင်သည်။

" ဖြေစမ်းပါဦး..ဒါကဘယ်လိုတွေဖြစ်နေရတာလဲ "

လူကြီးအမေသည်အလွန်ဒေါသထွက်နေဟန်ပင်။အော်ကာမေးလာသည်။

" ဟို...သားတို့ကချစ်သူတွေပါ "

" ချစ်သူတွေဟုတ်လား...မင်းကယောကျာ်းလေးဆိုတာမင်းသိရဲ့လား..ဟမ် "

" သားသိပါတယ် "

" မင်းသိတယ်ဆိုတော့..ဟိုတစ်ယောက်ကမသိတာလား "

လူကြီးအမေက ကျွန်တော့်အားစိုက်
ကြည့်ကာပြောလာသည်။လူကြီးအဖေနဲ့ ညီမကတော့ဘာမှဝင်မပြော ကြည့်ရတာအန်တီကြီးက အိမ်မှာအတော်အာဏာရှိတယ်ထင်တယ်။

" မေမေ ကလေးကိုမပြောပါနဲ့ သားက ကလေးကိုအရင်စကြိုက်ခဲ့တာပါ ကလေးက.. "

" မင်းပါးစပ်ပိတ်ထားလိုက်စမ်း
မြတ်မင်းခန့် "

လူကြီးသည်ချက်ချင်းအသံတိတ်သွားသည်။

" နာမည်ဘယ်လိုခေါ်လဲ "

" သီဟမင်းထင်ပါဗျ "

" အင်း...ဟုတ်ပြီမောင်သီဟမင်းထင်
မင်းဘယ်လောက်လိုချင်လဲ "

ဘယ်လောက်လိုချင်လဲတဲ့လား...
ကျွန်တော့်ကို လူကြီးအ​မေက
ငွေကြောင့် သူ့သားအားတွဲနေသည်ဟုထင်နေပုံရသည်။လူကြီးအမေကမောက်မာလိုက်တာ။

" ကျွန်တော်ဘယ်လောက်မှမလိုချင်ပါဘူးဗျ..ငွေလိုချင်လို့ အန်တီ့သားနဲ့တွဲနေတာလဲမဟုတ်ပါဘူး "

ကျွန်တော်ပြောတော့လူကြီးအမေကရီသည်။ကျွန်တော်ကိုကြည့်တဲ့အကြည့်ကလဲအထင်သေးမှုတွေအပြည့်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now