Part 30 (Uni + Zawgyi)

3.1K 104 4
                                    

( Unicode)

" ဘာကိစ္စလဲ သူဇာ "

" အလည်လာလို့တောင်မရဘူးလား ကလျာရယ် "

ကလျာမြတ် မနက်စာပြင်နေတုန်းဧည့်သည်ရောက်နေသည်ဟုပြောလို့ ထွက်ကြည့်လိုက်တော့ သူဇာနှင်းပင်။အရင်ကလဲတွေရန်ပြောပြီး သူမအားစကားလုံးများနှင့်စော်ကားခဲ့သည်။ခုလဲအိမ်ထိတိုင်ရောက်လာပြန်ပြီ။

" အလည်လာရုံပဲလား.. "

" ပြောစရာရှိလို့...နင့်သားကို ငါ့သားနဲ့လာမပတ်သက်ဖို့ပြောထားပါ ငါကငါ့သားကို မချမ်းသာရင်တောင်နေပါ...နောက်ဆုံးသူများအိမ်က အိမ်ဖော်ဆိုရင်တောင်သဘောတူနိုင်သေးတယ်
နင့်သားနဲ့ကတော့ ဘယ်လိုမှသဘောမတူနိုင်ဘူး... "

ကျွန်မပြုံးလိုက်ပြီး

" ကိုယ့်သားကိုနိုင်အောင်ပြောပါလားသူဇာ....ဒီမှာသူဇာ နင့်သားကသာ ငါ့သားကိုလမ်းခွဲဖို့ပြောလာရင် ငါ့သားက နင့်သားကိုဆွဲထားမှာမဟုတ်ဘူးဆိုတာသိထားလိုက်ပါ "

" နင့်သားကငါ့သားကိုသက်သက်မြှူဆွယ်ထားတာလေ... "

" မဟုတ်တာတွေမပြောစမ်းပါနဲ့သူဇာရယ်....နင့်သားကိုငါ့သားနဲ့သဘောမတူနိုင်ရင် နင့်သားကိုနိုင်အောင်ပြောထားပေါ့ ငါ့သားနဲ့မပတ်သက်ဖို့...ကိုယ့်သားကိုမနိုင်ပဲနဲ့ သူမ်ားသားကို အပြစ်လာပုံမချစမ်းပါနဲ့ "

" နင်...နင့်သားဆိုတော့လဲ နင့်လိုပဲလာတာပေါ့လေ တွေ့ကရာလူကိုမြှူဆွယ်နေတာလေ "

" ငါကဘယ်သူ့ကိုမှမမြှူဆွယ်ခဲ့ဘူး သူဇာ....နင်ကသာချစ်သူရှိပြီးသားလူတစ်ယောက်ကို ချစ်နေခဲ့တာ "

" တော်စမ်းပါ "

" ပြောစရာမရှိတော့ရင်ပြန်လို့ရပြီ "

" ငါလဲဒီလိုအဆင့်အတန်းမရှိအောက်တန်းကျတဲ့နေရာမှာနေချင်တယ်များထင်နေလား "

" သူဇာသည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်နော် "

" အမှန်ကိုပြောနေတာပဲလေ ကလျာ ဒီနေရာကအောက်တန်းကျသလို လူတွေကလဲ အဆင့်တန်းမရှိ အောက်တန်းကျ"

" တော်လိုက်တော့သူဇာ...အေးမြရေ "

" ဟုတ်ကဲ့ရှင့် မယ်မယ် "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now