( Unicode)
ရုပ်ရှင်ရုံသွားသည့်လမ်းတစ်လျှောက်လုံး ကျွန်တော့်အားသာထိုင်ကြည့်နေသော ထိုလူကြီးအား ပြောချင်ပေမဲ့ ငြင်းနေရဦးမည်စိုး၍ မသိချင်ယောင်ဆောင်၍သာနေလိုက်၏။
ရုံထဲရောက်ပြန်တော့လည်း
သူ့အားမုန့်တစ်ခုပြီးတစ်ခုလာလာကျွေးနေပြန်သည်။" ကလေး ဒါလေးသောက်ကြည့် ကောင်းတယ်သိလား"
ကျွန်တော်ခေါင်းသာရမ်းပြလိုက်၏။" ကလေးဒါလေးစားကြည့် "
" တော်ပြီ "
" ကလေး အာ့ဆို ဒါလေး."
" ကျစ်. ဒီမှာကိုလင်းမြတ်မင်းခန့် ဘာဖြစ်နေတာလဲ။ကိုယ်ဘာသာကိုယ်အေးဆေးနေလို့မရဘူလား "
သူ့စကားမဆုံးခင်ကျွန်တော်သူ့အား
အော်ပြောလိုက်မိ၏။ အချို့လူတွေကလဲ ကျွန်တော့်အသံကြောင့်ကွက်ကြည့်ကွက်ကြည့်။" အော် အင်းပါ။ sorry နော်ကလေး "
ထိုလူကြီးက ပြော၍ ကျွန်တော့်အား
အသက်မပါသောအပြုံးတစ်ပွင့်ပြုံးပြပြီး ရှေ့သို့လှည့်သွား၏။" ဟျောင့်. မင်းကလဲကွာ ဟိုကစေတနာနဲ့ကို၊ ကြည့်ဦး ဟိုမှာစိတ်မကောင်းဖြစ်သွားပြီ "
ရှင်းမြတ်က ကျွန်တော့် နား နားသို့ကပ်၍ တိုးတိုးလာပြော၏။
" မသိတော့ဘူးကွာ "
ကျွန်တော် ရှင်းမြတ်ကို ပြောလိုက်၏။
ရုပ်ရှင်လဲ စပြနေပြီဖြစ်သောကြောင့်
ကျွန်တော်ရုပ်ရှင်သာထိုင်ကြည့်နေလိုက်၏။----------------------------------
ရုပ်ရှင် တစ်ဝက်လောက်ရောက်တော့
Kiss scene ကပါလာ၏။ kiss scene က
ခနလဲမဟုတ် ထို့ကြောင့်ကျွန်တော်ဆက်မကြည့်တော့ဘဲမျက်နှာလွှဲလိုက်၏။ဟိုလူကြီးကတော့ မျက်နှာမကောင်း၊ရုပ်ရှင်အားလည်းအသက်မရှိတဲ့လူလို
တချက်မလှုပ်ကြည့်နေ၏။" ဒါလေးပြောမိတာကို "
ကျွန်တော် ခပ်တိုးတိုးရေရွတ်ပြီး
ရှင်းမြတ်တို့ဘက်ကြည့်လိုက်တော့ဟော.. ရှင်းမြတ်က သူ့မုန့်တွေပါမက
သူ့ဘေးက အိပ်ပျော်နေသော နှင်းသက်
လက်ထဲကမုန့်များပါ နှင်းသက်မနိုးအောင် ခပ်ဖြေးဖြေးယူကာ စားနေသေး၏။ အစားသရဲ။ ဟိုတစ်ယောက်ကလဲအိပ်နေလိုက်တာများ သူ့ ပါးရိုက်သွားတာတောင်သိပါ့မလားမသိ။
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...