Extra 2

2.5K 83 0
                                    

( Unicode )

" ကလေး "

လူကြီးက ကျွန်တော့်အား သူ့ရင်ခွင်ထဲထည့်ထားရင်း ခေါ်လာသည်။

" အင်း "

" ညနေက ငယ်ငယ်ဖုန်းဆက်တယ် "

" အင်း..ဘာတဲ့လဲ "

" မေမေ နေမကောင်းဘူးတဲ့ ဆီးချိုတက်တယ်လို့ပြောတယ် "

" အင်း "

" ဖေဖေကလည်းပြောတယ် ကိုယ်တို့ကို အိမ်မှာလာနေဖို့ မေမေကလည်း ကိုယ့်တို့ကို လာနေစေချင်တယ်ပြောတယ် "

" ကို့အမေက ကလေးတို့ကို လက်ခံနိုင်ပြီလား "

" အဲ့လိုထင်ရတာပဲ "

" ကို့အမေ ကျန်းမာရေး ပြန်ကောင်းတဲ့အထိတော့ သွားနေမယ်လေ ပြန်ကောင်းရင်တော့ အိမ်မှာပဲ ပြန်လာနေရအောင် "

" အင်း...ကလေးသဘော "

" အင်း အိပ်ချင်ပြီ အိပ်တော့မယ် good night "

" good night ပါဗျာ ကိုယ့်အသက်လေး "

ကျွန်တော် ကလေးရဲ့ခေါင်းလုံးလုံးလေးအားအနမ်းခြွေရင်း ပြောလိုက်သည်။ဒါကလဲ ညတိုင်းမအိပ်ခင်လုပ်နေကြအလေ့တစ်ခု။

မနက်ဖြန်တော့ မေမေ့ဆီသွားရမယ်
ညနေလောက် အဝတ်စားတွေရွေ့
ရမယ်။မေမေလဲ ကလေးကို လက်ခံနိုင်လောက်ပါပြီလေ။ကလေးသဘောအတိုင်း မေမေ့ကျန်းမာရေး ပြန်ကောင်းလာရင်တော့ ဒီအိမ်မှာပဲ ပြန်လာနေကြမည်။

ဘာလို့ဆို မေမေ့အနားမှာက မေမေ့သွေးသားရင်းက ညီမလေးရှိနေသည်လေ။ကလေး မိသားစုမှာကျ ကလေးသာ သွေးသားရင်းရှိသည်မလား။ထို့ကြောင့် ကလေးက ကလေးမိသားစုနှင့်အတူနေချင်မှန်း ကျွန်တော်သိပါသည်။
--------------------------------------------------
" ကိုကြီးတို့လာပြီပဲ "

ကျွန်တော်တို့ကားရပ်သည်နှင့် ကျွန်တော်တို့နား အပြေးလေးရောက်လာသော ညီမလေး
လင်းရတီခန့်။

မိုးပြာရောင်ဒူးဖုံးဂါဝန်လေး ဝတ်ကာ ခါလောက်ဆံပင်များအား နှစ်ဖက်ခွဲကျစ်ကာ ရှေ့သို့ချထားသော ညီမလေးသည် အတော်ချစ်စရာကောင်းပါသည်။

" အင်း မေ​မေ့အခြေနေဘယ်လိုလဲ ငယ်ငယ် "

" တော်တော်တော့ ကောင်းလာပါပြီ ကိုကြီးရဲ့ "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now