Part 14 ( Uni + Zawgyi )

2.5K 110 2
                                    

( Unicode )

ကျွန်တော်တို့ နှင်းသက်ရွာအားသွားတော့ ကျွန်တော်ရယ်၊လူကြီးရယ် ကနောက်ခန်းတွင်ထိုင်ပြီး ရှေ့တွင်တော့
ကိုမင်းသူအောင်နှင့် ရှင်းမြတ်က ထိုင်၏။

ကျွန်တော်တို့က ကားတစ်စီး
နှင်းသက်နှင့် သူ့သူငယ်ချင်းတို့က ကားတစ်စီးသွား၏။ နှင်းသက်တို့ကားကိုတော့ ကိုလင်းမြတ်ကမောင်းပေး၏။

" ဟျောင့် သီဟမင်း..စားဦးမလား "

ရှင်းမြတ်က နောက်လှည့်ကာ သူစားနေသော မုန့်ထုပ်အားထောင်ပြရင်းမေးလာ၏။

" တော်ပြီ မစားတော့ဘူး "

" ကိုလင်း..စားဦးမလား "

" တော်ပြီ..ကျေးဇူး "

လူကြီးက စာရွက်အချို့အားကြည့်နေရင်းမှ ရှင်းမြတ်အားခနမော့ကြည့်ကာပြန်ဖြေ၏။

" ဒီက အစ်ကိုရောစားဦးမလား "

ရှင်းမြတ်က အစ်ကိုမင်းသူအောင်အားလှမ်းမေး၏။

" ဟင်..အော် ကျေးဇူး မစားတော့ဘူး "

" ရပါတယ် "

ရှင်းမြတ်ကပြောကာ သူ့ဘာသာသူသာ မုန့်များစားနေ၏။ ဖျော်ရည်ကလဲသောက်နေလိုက်သေးသည်။ အစ်ကိုမင်းသူကတော့ တစ်ချက်တစ်ချက် ရှင်းမြတ်ဘက် လှည့်လှည့်ကြည့်ကာပြုံးနေသည်။

" ကလေး... "

" အင်း "

" ခေါင်းကိုက်တယ် "

ခေါင်းအားကိုင်ရင်ပြောလာသောလူကြီး

" ဟင်.. ဟုတ်လား အလုပ်တွေမလုပ်နဲ့တော့ ထားထားလိုက်တော့ "

" ဟုတ်.. "

" ကိုယ်တော့သိပ်မပူတော့ပါဘူး "

ကျွန်တော် လူကြီး၏ နဖူးအားစမ်း
ကြည့်ရင်းပြောလိုက်၏။

" အင်း..အိပ်ချင်တယ် "

လူကြီးကပြောကာ သူ့အရပ်မှအားမနာ
ကျွန်တော့ပေါင်ပေါ်ခေါင်းအုံးကာ ခွေခေါက် အိပ်နေ၏။ ကျွန်တော်လဲ လူကြီး ခေါင်းကိုသာ ဖွဖွပုတ်ပေးနေလိုက်သည်။

ခန​​ကြာ​​တော့ လူကြီးက အိပ်​ပျော်သွား၏။ပင်ပန်းနေတယ်ထင်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now