Part 10 ( Uni + Zawgyi)

2.6K 123 3
                                    

( Unicode)

ယနေ့ ကျွန်တော် final exam စဖြေ
ရမည့်နေ့ပင်။ထိုစာမေးပွဲ​ပြီးလျှင်တော့ ကျွန်တော်တို့သူငယ်ချင်းတွေနဲ့လူကြီးတို့နှင့်အတူ အလည်သွားရန်စီစဥ်ထား၏။

ကျွန်တော်နှင့်လူကြီးကတော့
ချစ်သူဖြစ်တာနှစ်လကျော်နေပြီဖြစ်သည်။လူကြီးက ကျွန်တော့်အားသိပ်ချစ်ပါသည်။ တခါတလေတော့
တော်တော်ကလေးဆန်ပါသည်။ ကျွန်တော်တို့နှစ်ယောက် တစ်ခါမှလဲရန်ဖြစ်ရသည်ဟူ၍မရှိသေးပါ။

ဒီနေ့ကျွန်တော်ကျောင်းရှေ့ရောက်တော့လူကြီးအားမတွေ့။ခါတိုင်းနေ့တွေဆိုလျှင် လူကြီးသည် ကျွန်တော် ကျောင်းလာချိန်တိုင်း ​​​ကျောင်းရှေ့တွင် အမြဲစောင့်နေလေ့ရှိသည်။ဒီနေ့ဘာလို့မလာပါလိမ့်။

..ring ring...

ဖုန်းလာ၍ ကြည့်လိုက်တော့ လူကြီးဆီမှဖုန်းပင်

" hello ကို "

" ကျောင်းရောက်ပြီလား ကလေး "

" ခုလေးတင်ရောက်တာ "

" ကိုဒီနေ့အလုပ် ကိစ္စ အရေးကြီးတာရှိလို့ ကလေးကိုလာမတွေ့နိုင်တာကလေး၊ စိတ်မဆိုးနဲ့နော်ကလေး "

" ရပါတယ်ကိုရဲ့ ကိစ္စမရှိပါဘူး "

" ဟုတ်ပါပြီ စာမေးပွဲကောင်းကောင်းဖြေခဲ့နော်ကလေး ည​နေကိုလာကြိုမယ်"

" ဟုတ်ကဲ့ "

" အဲ့ဒါဆို ဖုန်းချလိုက်တော့မယ်နော် ကလေး ချစ်တယ် "

" ဟုတ် "

လူကြီးကမလာဖြစ်ဘူးဆိုတော့ကျွန်တော်လဲ ကျောင်းထဲသို့သာဝင်ခဲ့လိုက်၏။

-------------------------------------------------
တစ်ဖက်တွင်တော့

" ကိုလင်း သွားမယ်လေ "

" အင်း "

ကျွန်တော် ပန်းအိခေါ်ရာသို့လိုက်သွားလိုက်၏။

ကျွန်တော် ကလေးအားသွားတွေ့ရန် ကျောင်းသို့သွားရန်ပြင်ဆင်ပြီး အချိန်အနည်းငယ်လိုသေးသောကြောင့် ဧည့်ခန်းတွင်ထိုင်ကာ စာရင်းများစစ်နေစဥ်
ရောက်လာသော ကောင်မလေးတစ်ယောက်။ သူကတော့ ပန်းအိပင်။မေမေ့ သူငယ်ချင်း၏ သမီး။ မေ့မေ့အထောက်တော်ဆိုလဲဟုတ်ပါသည်။ခရီးထွက်နေသည်ဟုကြားထားတာ ခုတော့ပြန်လာပြီပေါ့လေ။ မေမေကကျွန်တော်နှင့် ပန်းအိအားသဘောတူနေ၏။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now