Part 5 ( Uni + Zawgyi)

3.6K 166 2
                                    

( Unicode)

" ဟာ.... နောက်ကျနေပြီကွာ "

သီဟမင်းထင် ယနေ့တွင်တော့ကျောင်းနောက်ကျ၍ ပျာယာခတ်နေ၏။

ကျွန်တော်မနေ့ညက လင်း​မြတ်မင်းခန့်ဆို​သောလူကြီးကြောင့် တော်တော်ညနက်မှအိပ်ပျော်သွား၏။ညနက်တဲ့အထိ
စောင့်တာတောင် ထိုလူကြီးက ကျွန်တော့်အားဖုန်းမဆက်။

ညနက်မှအိပ်ပျော်တော့ မနက်နိုးတာတဲ့အချိန်က ၇ နာရီခွဲ။မြန်မြန်လုပ်ပါသော်လည်း ကျောင်းသွားဖို့ ပြင်ဆင်ပြီးချိန်မှာ ၈ နာရီပင်ခွဲတော့မည်ဖြစ်၏။ ထို့ကြောင့် ကျွန်တော် မနက်စာတောင်မစားနိုင်ဘဲ ကျောင်းသို့သာအပြေးသွားရ၏။

တော်ပါသေးတယ် သူအတန်းထဲရောက်ပြီးမှ ဆရာအတန်းထဲဝင်လာလို့။
တော်တော် ဒုက္ခပေးတဲ့လူကြီး။

ထိုလူကြီးသည် ကျွန်တော့်အားမနက်ကလဲဖုန်းမဆက်ပါ။ခါတိုင်းဆိုလျှင် ထိုလူကြီးက မနက် ၇ နာရီထိုးခါနီးတိုင်းဖုန်းဆက်လေ့ရှိ၏။ဒီမနက်တော့ ကျွန်တော့်ဆီဆက်မလာခဲ့ပါ။ ပြီးတော့ကျောင်းသို့လဲလာမတွေ့ပါ။ခါတိုင်းကျွန်တော့်အားလာတွေ့ပြီးမှ ထိုလူကြီးသည်အလုပ်သွားလေ့ရှိသည်။ဒီနေ့တော့ရောက်မလာပါ။

( ဘာလို့မလာတာလဲ။ဖုန်းလဲမဆက်ဘူး။ဘာဖြစ်နေတာလဲကွာ ဒီလူကြီး။ငါလဲဘာမှမလုပ်မိပါဘူး။အစုတ်ပလုတ်လူကြီး ဘာမှန်းလဲမသိဘူး။အကျင့်ကိုမကောင်းဘူး။တစ်သက်လုံးအဖြေမပေးပဲကိုထားလိုက်ဦးမယ်။အကျင့်ပုတ်ကြီး)

ကျွန်တော်ထိုလူကြီးအား စိတ်ထဲ၌ ပြောဆိုနေလိုက်၏။ကျွန်တော်တွေးနေချိန် ဆရာကစာစသင်နေပြီဖြစ်၍ ကျွန်တော် ထိုလူကြီးအကြောင်းဆက်မတွေးတော့ဘဲ စာသာအာရုံစိုက်နေလိုက်၏။

-------------------------------------------------

" ဟဲ့ သီဟမင်း နင်ဘာလို့ ကျောင်းနောက်ကျနေတာလဲ "

ကျောင်း canteen တွင်မုန့်စားနေချိန်
နှင်းသက်မှ မေးလာ၏။

" အိပ်ရာထတာ နည်းနည်းနောက်ကျနေလို့ "

" အော် "

" ဟျောင့်..မင်းသိပြီးပြီလား "

ရှင်းမြတ်က အစမရှိအဆုံးမရှိမေးလာ၏။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now