Part 36 ( Uni + Zawgyi)

3.4K 123 12
                                    

( Unicode)

ကျွန်တော် ဒီနေ့ လူကြီးနှင့် သွားတွေ့ရန်ရှိသည်။ မနက်က တွေ့ရအောင်ဆိုကာ အချိန်နဲ့နေရာကို message ပို့လာသည်။ဘာလို့တွေ့ချင်ပါလိမ့် အပြတ်ဖြတ်ဖို့များရည်ရွယ်နေလေသလား။
ထိုသို့တွေးလိုက်တော့ မျက်လုံးက
ဝေဝါးလာသည်။

အင်းပါလေ....လူကြီးသဘောပေါ့ လမ်းခွဲဖို့ပြောတော့လဲ ဆွဲမထားပါဘူး။ဒါပေမဲ့ ဆက်တော့ချစ်နေမှာပါ။လူကြီးကို ကျွန်တော့်နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်ခဲ့တာမို့ နောက်တစ်ယောက်ဆိုတာလဲ ကျွန်တော့်ဘဝမှာမရှိနိုင်တော့ပါဘူးဗျာ။

ခုတော့ ကိုချိန်းဆိုထားသော ဆိုင်သို့သာသွားလိုက်ပါသည်။ကိုဘာပဲပြောပြောပါလေ။
ဆိုင်ရောက်တော့ လူကြီးက ဆိုင်ရှေ့မှာ ကျွန်တော့်အားစောင့်နေသည်။

" ဘာကိစ္စရှိလို့လဲ "

ကျွန်တော်မေးလိုက်တော့ လူကြီးကပြုံးသည်။

" ပြစရာ​​ရော ပြောစရာရောရှိလို့
လာကိုယ့်နောက်လိုက်ခဲ့ "

လူကြီးက ကျွန်တော့်လက်အားကိုင်ကာ ဆိုင်ထဲသို့ခေါ်လာသည်။VIP ခန်းတွေဘက်ရောက်တော့ အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်ကာ

" အထဲမှာဘယ်သူရှိလဲလို့ကြည့်လိုက်ပါဦး "

လူကြီးက ပြောကာတံခါးဆွဲဖွင့်လိုက်သည်။

" ဟင် မြူ "

အခန်းထဲမှာတွေ့လိုက်ရတာက မြူနှင့် လူကြီး၏အမေ ပိုက်ဆံအုပ်လိုက်ကလဲ စားပွဲပေါ်မှာအထင်းသား။ဘာတွေလဲ။မြူကလဲ တွေ့နေကျနှင့် ကွဲလွဲစွာ မြန်မာဝတ်စုံနှင့်မဟုတ် ခပ် hot hot ခပ်ရိုင်းရိုင်းဝတ်စားဆင်ယင်ပုံနှင့်ပင်။

ကျွန်တော်တို့အားတွေ့တော့ အံသြသွားသည့်ပုံပင်။အံသြတာထက် လန့်သွားတာဆိုပိုမှန်လိမ့်မည်။

" သား "

" ဟုတ်ကဲ့ မေမေကျွန်တော်ပါ ခုက
ဘာလုပ်နေတာလဲဆိုတာ ပြောပြလို့
ရမလား "

" ဟို..ဟို ဒါက "

" မြူ့ကိစ္စမရှိတော့ဘူးဆိုတော့ ခွင့်ပြုပါဦး "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now