( Unicode)
" မင်းလုပ်ရမှာကို သေချာသိတယ်နော်..မလွဲချော်စေနဲ့ "
" ဟုတ်ကဲ့ပါအန်တီ စိတ်ချပါ "
စားသောက်ဆိုင်တစ်ခု၏ VIP ခန်းတွင် စကားပြောနေကြသော ဒေါ်သူဇာနှင်း
နှင့် ခပ် hot hot အမျိုးသမီးတစ်ယောက်။ကိစ္စတစ်ခုခုကိုအရေးတကြီးတိုင်ပင်နေကြသည်။" ဟုတ်ပြီလေ....မင်းသာကောင်းကောင်းလုပ်နိုင်ရင် မင်းတောင်းတာထက်ပိုရစေရမယ် "
" စိတ်ချပါရှင် "
--------------------------------------------------
" ဒါဆို...မြေးတို့ကလေးလေးကို အိမ်ခေါ်သွားလို့ရပြီပေါ့နော် မယ်မယ်ကြီး "ကျွန်တော် ကလေးလေးအားမွေးစားချင်ကြောင်းပြောတော့ မယ်မယ်ကြီး
နှင့် မယ်မယ်က သေချာစဥ်းစားပြီးသဘောတူပေးခဲ့ပါသည်။ ကလေးလေးကလဲ နိုးလာကတည်းက ကျွန်တော့်နားပဲကပ်နေသည်။ကျွန်တော်တို့ကလေးလေးအားမွေးစားဖို့ လိုအပ်တာတွေအားလုံးလုပ်ပြီးအိမ်သို့ခေါ်လာခဲ့သည်။
...ring.... ring.....
" hello ကို "
" ကလေး...ဘာလုပ်နေလဲ "
" ခုမှရေချိုးပြီး.....အဲ့..အဲ့.. "
" ဟင်...ကလေးအိမ်ပြန်မရောက်သေးဘူးလား ကလေးအသံတွေကြားနေရတယ် "
" ကျွတ်စ်...ကျွတ်စ်...ကလေးလေးရေ ဖေဖေရှိတယ်နော်....ခနနော်ကို "
ဟင်...ကလေးလေးတွေရော ဖေဖေတွေရော ဘာတွေလဲ...ကျွန်တော့်ကလေးက ဘယ်တုန်းကအဖေဖြစ်သွားရတာလဲ...မဟုတ်သေးပါဘူး
ကလေးလေးက အိမ်ရောက်ပြီးနို့ဘူးသောက်ပြီးခနနေတော့ အိပ်သွားတာခုမှ နိုးလာသည်။ကျွန်တော် ကလေးလေးလေးအားကောက်ပွေ့ကာချော့လိုက်သည်။ငြိမ်သွားမှ ကိုနှင့်ဖုန်းပြန်ပြောရသည်။
" ကို...ဘာပြောလိုက်တာလဲဟင် "
" ကလေးဘယ်မှာလဲ...ကလေးအသံတွေကြားလိုက်လို့ ဖေဖေဆိုတာလဲ ကြားလိုက်ပါသေးတယ် "
" အိမ်မှာပါကိုရဲ့....ဖေဖေဆိုတာက ကလေးသားလေးနဲ့ပြောနေတာလေ "
" ဟင်...ဘာကို သားလေးဟုတ်လား "
လူကြီးက အံ့သြတကြီးမေးလာသည်။
ဟုတ်သား..ကလေးကိစ္စ ကိုမှမသိသေးတာ
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...