Part 38 Final ( Uni + Zawgyi )

5.7K 119 10
                                    

( Unicode )

လူကြီးသည် အိမ်ပေါ်ကဆင်းလာကတည်းက နေစရာမရှိဟုဆိုကာ ကျွန်တော့်အိမ်တွင်သာနေသည်။မြို့ပြင်နားကအိမ်က သူ့အိမ်မဟုတ်တဲ့အတိုင်းပဲ။
အိမ်မှာအခန်းတွေ အများကြီးရှိရဲ့သားနဲ့ တစ်ယောက်တည်း မအိပ်ရဲဟုဆိုကာ
ကျွန်တော့်အခန်းထဲ၌သာ လာအိပ်လေ့ရှိသည်။ဘာတွေ မအိပ်ရဲ​ဖြစ်နေသည်တော့ မသိ။

" အင်းး..ကလေး ကလေးရေ "

နိုးလာတာနဲ့ ကျွန်တော့်အားအရင်ဆုံးခေါ်နေသည်။

" အော်မနေနဲ့ ဒီမှာသားလေးကိုအဝတ်လဲပေးနေတာ "

သားလေးအား အဝတ်လဲပေးရင်ပြန်ပြောလိုက်တော့ လူကြီးက ဆူပုတ်ပုတ်နှင့် ထထိုင်ပြီး ကျွန်တော့်အား မကြည်သလိုကြည့်လာသည်။ဘာလဲ..ကျွန်တော်လဲဘာမှမလုပ်မိပါဘူး။ပြန်စိုက်ကြည့်ပေးလိုက်တော့...

" ဟွန့်...စိတ်ဓာတ်ပဲ "

ဟောဗျာ စိတ်ဓာတ်ပဲဟုပြောကာ
ဆောင့်ကြီးအောင့်ကြီးဖြင့် ရေချိုးခန်းထဲဝင်သွားသည်။ဘာမှလဲမလုပ်မိပါပဲနဲ့။

" ဖေ...မန် "

သားလေးက ကျွန်တော့်လက်​​ညှိုး​​လေးအား ဆွဲကာ မန်ဟုပြောလာသည်။ ချစ်စရာလေးကွာ။သားလေးက ခုဆို ထမင်းစားနိုင်နေပြီဖြစ်သည်။ သားလေးအတွက်တော့ နည်းနည်းပျော့
ပျော့လေးချက်ပေးရသည်။ပြီးတော့ ဖေလို့လဲခေါ်တတ်နေပြီ။ကျန်တာတော့ ဘာမှ သိပ်မပြောတတ်သေးပေ။

" အော်..ကလေးလေးက ဗိုက်ဆာနေပြီပေါ့လေ ဖေဖေတို့အောက်ဆင်းကြမယ်နော် "

ကျွန်တော် သားလေးအားချီပြီး အောက်ထပ်ဆင်းကာ မနက်စာကျွေးလိုက်သည်။ပြီးမှ သားလေးနဲ့ ခနကစားပေးကာ သား​လေးအား အေးမြနှင့်ထားခဲ့ကာ အပေါ်ပြန်တက်ရသည်။လူကြီးက ကောက်နေသည်မလား သွားချော့ရပေဦးမည်။

ကျွန်တော် အခန်းတံခါးဖွင့်မည်ပြင်တော့ တံခါးကပွင့်လာသည်။လူကြီးက ဝတ်စုံပြည့်နှင့် ရုံးသွားဖို့တောင် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

" ပြင်ပြီးပြီပေါ့ "

" အင်း..သွားပြီ "

ကျွန်တော့်အား ဆူပုတ်ပုတ်ဖြင့်ပြန်ဖြေကာ ကျွန်တော့်အားကျော်ပြီး အောက်ထပ်ဆင်းသွားသည်။ကျွန်တော်လဲ လူကြီးနောက်သာလိုက်ရသည်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now