Part 24 ( Uni + Zawgyi)

2.3K 105 4
                                    

( Unicode)

ကျွန်တော့်တို့သူငယ်ချင်းတွေ တစ်နေ့လုံးနီးပါး လူကြီးနှင့် ရုပ်ရှင်ကြည့်လိုက် မုန့်သွားစားလိုက် ကစားကွင်းသွားလိုက် နှင့် အချိန်ကုန်ခဲ့သည်။အခုကတော့ လူကြီးအမေနှင့်သွားတွေ့ရန်အချိန်ပင်...ကျွန်တော် အိမ်ကိုလာမကြိုဖို့ပြောပြီး လူကြီးနှင့်လိုက်လာခဲ့သည်။လူကြီးကတော့ တလမ်းလုံးပြုံးနေသည်။ အတော်ပျော်နေပုံပင်.....

အော်....ကိုရယ်ကျန်တဲ့နေရာတွေမှာထက်မြတ်သလောက် ဒီနေရာမှာကျ ဘာလို့အဲ့လောက်တုံးအရတာလဲ.....
ကိုက ကို့အမေကို ​တော်တော်ယုံတာပဲ....

" ကလေး ရောက်ပြီ "

လူကြီးက ကျွန်တော့်အား ကားတံခါး
ဖွင့်ပေးရင်းပြောသည်။

" အင်း...သွားရအောင်လေ "

ကျွန်တော်တို့အိမ်ထဲရောက်တော့ လူကြီးအမေက ဧည့်ခန်းတွင်ထိုင်နေသည်။ကျွန်တော်တို့အားမြင်တော့ ပြုံးပြလာပါသည်။

" လာလေ ကလေး... "

"အင်း "

ကျွန်တော်နှင့်လူကြီး ​​​ဒေါ်သူဇာနှင်းနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

" သားမေမေတို့ပဲ စကားပြောချင်တယ်
သားသွားနားတော့လေ "

" ဗျာ...မေမေဘာလို့လဲ "

" သားကောင်လေးကို မေမေဘာမှမလုပ်ပါဘူးကွယ်...စိတ်ချ "

လူကြီးကျွန်တော့်အားကြည့်လာသည်။

" သွားလိုက်ပါ..ကိုရဲ့ နားတော့လေ "

" အင်းပါကလေးရယ်... "

လူကြီးအပေါ်သို့တက်သွားတော့မှ လူကြီးအမေက စကားစလာသည်။

" ငါ့သားကိုမင်းနဲ့လုံးဝသဘောမတူနိုင်ဘူး "

" သိပါတယ်ဗျ "

" မင်းဘာလိုချင်လဲပြောလိုက်...ဘယ်လောက်လိုချင်လဲ "

" ကျွန်တော်ဘာမှမလိုချင်ပါဘူး....ကျွန်တော်ငွေလဲမမက်ဘူး "

" အဲ့တာကတော့မင်းအပြောလေ "

" ကျွန်တော့်ကိုခေါ်တွေ့တာ သဘောမတူဘူးဆိုတာပြောဖို့လား အန်တီ "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now