Extra 1

2.9K 92 4
                                    

( Unicode)

" ဟင့်..​အူဝဲ...ငဲ... "

ကျွန်တော်သားလေး အတွက်မနက်စာပြင်နေစဥ် ဧည့်ခန်းမှ သားလေးငိုသံကြားလိုက်ရသည်။ကိုစလိုက်ပြန်ပြီထင်တယ်။တကယ်ပါပဲ ကိုကတော့။

" ကို..သားလေးကဘာလို့ငိုနေရတာလဲ "

ကျွန်တော် အော်မေးလိုက်သည်။

" ကိုယ် နမ်းပဲနမ်းတာကို ငိုသွားတာ "

နမ်းပဲ နမ်းတာကိုတဲ့လား။ကိုကတော့ အမြဲအဲ့လိုပဲ။ကိုကနမ်းရင်အားကြီးနဲ့
သားလေးဆို အမြဲကိုနမ်းလိုက်တိုင်း ငိုသည်က များသည်။

ကျွန်တော်သားလေးအတွက် မနက်စာအားယူကာ ဧည့်ခန်းသို့ အမြန်သွားရသည်။ ကျွန်တော့် အားမြင်တော့ သားလေးက ငိုနေသည့်ကြားမှ သူ့အားချီရန်လက်လှမ်းလာသည်။

" သားလေးက ဖေ့ဖေ့ဆီ လာချင်လို့လား.....​ဖေဖေချီမှာပေါ့ကွာ သားလေးကို "

ကျွန်တော် ပန်းကန်များအား စားပွဲပေါ် တင်ကာ သားလေးအားကောက်ချီလိုက်သည်။သားလေးက အရမ်းကြီးမငိုတော့ ပေမဲ့ ရှိုက်နေဆဲပင်။

" သားလေးကို ငိုအောင် ဘယ်သူလုပ်တာလဲ ဟင်သားလေး "

" ဟင့်..ဒီဒီ "

သားလေးက ရှိုက်ငိုရင်ပြန်ဖြေလာသည်။ဒီဒီတဲ့ကွာ ချစ်စရာလေး။

" သားလေးကိုငိုအောင် ဒယ်ဒီကလုပ်တာပေါ့လေ... ဖေရိုက်လိုက်မယ်နော် ငိုနဲ့ တိတ်တော့ "

သားလေးအားချော့ပြီး မနက်စာကျွေးရသည်။သားလေးမနက်စာစားနေတုန်း လူကြီးက သားလေးအားလာလာနမ်းပြီးစနေပြန်သည်။သားလေးက ငိုမဲ့မဲ့လေးဖြစ်နေလေပြီ။

" ကို..သား​လေးကိုမစနဲ့တော့ကွာ ဒီမှာငိုတော့မယ်သားက "

" ကိုယ့်ကိုပဲပြောနေတာပဲ "

" ဟော့ဗျာ အမှန်ပြောတာလေ "

" ........ "

" မျက်နှာကြီးဆူပုတ်မနေပါနဲ့ကိုရာ လှတာလည်းမဟုတ်ပဲနဲ့ "

ကျွန်တော် မှုန်ကုတ်ကုတ်နှင့်ထိုင်နေသောလူကြီးအားပြောလိုက်တော့ နှုတ်ခမ်းကရှေ့ထွက်လာသည်။
ကလေးကလား စိတ်ကောက်နေသည်။
ဘာမှလဲမလုပ်ပါပဲနှင့်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now