Part 28 ( Uni + Zawgyi)

3K 117 4
                                    

( Unicode)

" ဟော...သားပြန်လာပြီပဲ "

ဒေါ်သူဇာနှင်း ဧည့်ခန်းမှာထိုင်နေရင်းသားဖြစ်သူဝင်လာတာမြင်လိုက်၍ လှမ်းပြောလိုက်သည်။ မနက်ကလဲအိမ်ကိုခနသာပြန်လာပြီး ဟိုသီဟမင်းထင်ဆိုသောကောင်လေးအားသွားတွေ့ရန်ထွက်သွားသည်။

ခုပြန်လာတော့လဲမျက်နှာသိပ်မကောင်းပေ အရင်နေ့တွေကလဲမျက်နှာမကောင်း ကြည့်ရတာ ကိုယ်ဝန်ကိစ္စကြောင့်ထင်တယ်....
ငါစီစဥ်ထားသလိုဖြစ်လာတာပါပဲလား
ဒီကိစ္စကြောင့်ပြဿနာတက်ကိုတက်မယ်ဆိုတာသိထားပြီးသားပဲ.....

" မေမေ... "

" အင်း...ပြောသားလေး "

" သားအပေါ်တက်တော့မယ်လို့ပြောတာ "

" အင်း....သားလေး "

ဟင်း....သားကသူ့ကောင်လေးနဲ့အဆင်မပြေတာသေချာသလောက်ရှိနေပြီပဲ...

....ဒေါက်...ဒေါက်......
" သားရေ မေမေပါ "

" တံခါးlock မချထားဘူးမေမေ "

" သားညစာလာမစားလို့ မေမေနွားနို့နဲ့ မုန့်ယူလာတယ် "

နွားနို့နှင့်မုန့်ဗန်းသယ်၍ဝင်လာကာ​မေ​မေက​ပြုံးရင်း ကျွန်တော်ဘေးကစားပွဲပေါ်ချပေးသည်။

" ကျေးဇူးပါ မေမေ "

" ရပါတယ်သားရယ်... သားကြည့်ရတာပင်ပန်းနေသလိုပဲ အလုပ်တွေများလို့လား "

" မများပါဘူး မေမေ... သားအဆင်ပြေပါတယ် "

" ဟုတ်ရဲ့လားသားရဲ့..."

မေမေကကျွန်တော့်ဘေးနားလာထိုင်ကာ ခေါင်းဖွဖွပုတ်ရင်းမေးသည်။

" ဟုတ် "

" ဒါနဲ့ သားကိုမေးရဦးမယ် သားကောင်လေးက ကိုယ်ဝန်ဆောင်ဖို့ကိစ္စဘယ်လိုလဲတဲ့သားလေး "

" ကလေးကလက်မခံဘူးတဲ့မေမေ "

" အော်.....အဲ့လိုလား ဘယ်သူမဆို ကို့ယ့်ချစ်သူရဲ့သွေးသားကိုတော့ လိုချင်ကြတာပဲသားရယ်...သားကောင်လေးကဘာလို့မလိုချင်ရတာလဲ ပြီးတော့လဲမေမေ သူ့ကိုကောင်မလေးတစ်ယောက်နဲ့ အမြဲတွဲသွားတွဲလာလုပ်နေတာတွေ့တယ်သိလား ရိုးရောရိုးရဲ့လားမသိဘူး "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now