Part 4 (Uni + Zawgyi)

3.4K 173 5
                                    

( Unicode )

ရုပ်ရှင်ကြည့်ပြီးပြန်လာသည့်နေ့မှစ၍
ကျွန်တော့်ကလေးက ကျွန်တော်အား
အရင်လို ဘုဂလန့်တွေကြီးပဲ မပြောတော့၊ ပြေပြေလည်လည် သာဆက်ဆံလာ၏။ ဒီလောက်ဆို ကျွန်တော်မျှော်လင့်လို့ရသေးတယ်ထင်ပါရဲ့။

ကျွန်တော် ကလေးအားလိုက်နေသည်မှာဒီနေ့နဲ့ဆိုရင်နှစ်လပြည့်နေပြီ။
အခြေအနေကတော့ ကလေးကကျွန်တော့်အား ကောင်းကောင်းဆက်ဆံလာရုံသာရှိသေး၏။

ဒါမဲ့ အရင်က ကျွန်တော် ကလေးအားချစ်ကြောင်းကြိုက်​ကြောင်းပြောလျှင် ကလေးက ရန်တွေ့နေကြပေမဲ့
ခုနောက်ပိုင်းတော့
ရန်မတွေ့ဘဲ စကားလမ်းကြောင်း
လွှဲလွှဲသွားတတ်၏။ကျွန်တော်စိတ်ထင်၍လားမသိ တစ်ခါတစ်​လေဆို ကလေးမျက်နှာလေးရဲရဲတက် သွားတတ်၏။

ယနေ့လဲထုံးစံအတိုင်း ကလေးရဲ့ကျောင်းဆင်းချိန်တွင် ကျွန်တော်ကလေးအားလာတွေ့ခြင်းပင်။
က​​လေးအား ကျွန်တော်စောင့်နေရာ
ဆယ်ငါးမိနစ်လောက်နေတော့ ကလေးထွက်လာ၏။

ဟင် ကလေးကကောင်မလေးတစ်ယောက်နှင့်ထွက်လာခြင်းပင်၊ ကလေးသူငယ်ချင်း နှင်းသက်လဲမဟုတ်။မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ထားသော ကျက်သရေရှိလှ
သည့်ကောင်မလေး တစ်ယောက်။

ကလေးကကျွန်တော့်အားမြင်သွားသည်ထင်၏။ ထိုကောင်မလေးနှင့်အတူကျွန်တော့်နားရောက်လာ၏။

" ကိုမြတ်မင်းခန့် ရောက်နေတာပဲ "

" အသိလား ကိုမင်း "

" အင်း ဟုတ်တယ် ရတီ "

အော် ကိုမင်းတဲ့လား။ကလေးနဲ့ သူနဲ့က
ဘာတွေလဲကွာ။

" အော်.. အဲ့ဒါဆိုစကားပြောလိုက်ကြဦးလေ။ ရတီပြန်တော့မယ်။လာကြိုနေပြီ"

" အင်း ဖြေးဖြေး "

ထိုကောင်မလေးထွက်သွား​ပြီးကား​​ပေါ်တက်သွား​ပြီဆိုမှ ကလေးကကျွန်တော့်အားလှည့်ကြည့်လာ၏။

" နေ့တိုင်းလာစောင့်နေတာ မပျင်းဘူးလား "

" ဘာလို့လဲ ကလေးအတွက် အနှောင့်အယှက်ဖြစ်နေလို့လား "

ထိုလူကြီးဘာဖြစ်နေပါလိမ့်။ကျွန်တော်ကဒီတိုင်း​မေး​တဲ့ဟာကို။မျက်နှာလဲမကောင်း..

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now