Part 35 ( Uni + Zawgyi)

3.1K 117 12
                                    

( Unicode)

ကျွန်တော်လူကြီးနှင့် ပြဿနာတက်ပြီးကတည်းက လူကြီးနှင့်မတွေ့ဖြစ်တာသုံးရက်​လောက်ရှိ​​ပြီ ဖြစ်သည်။လူကြီးကလဲ ဖုန်းတောင်တစ်ချက်မဆက်ခဲ့ တကယ်ပြတ်နိုင်ပြီထင်ပါရဲ့။

မယ်မယ်တို့ကတောင် လူကြီးအိမ်မလာလို့ မေးနေကြသည်။လူကြီးအလုပ်များနေလို့ပါဟုသာ ကျွန်တော် မယ်မယ်တို့ကိုပြောထားသည်။နှင်းသက်နှင့်ရှင်းမြတ်ကိုတော့ ကျွန်တော်နဲ့လူကြီးရန်ဖြစ်ထားသည်ဟုသာပြောပြထားပါသည်။

ကျွန်တော်လူကြီးအား စိတ်ဆိုးဒေါသထွက်သွားယုံပါ။မမုန်းပါ ချစ်နေစဲ။လူကြီးက ဘာကြောင့် ခုလိုပြောင်းလဲသွားရတာလဲဆိုတာ ကျွန်တော်မသိပါ။လူကြီးကိုချစ်သည်။သတိရသည်။လွမ်းသည်။ခုချိန်လူကြီးသာလာချော့ရင် ကျွန်တော် ချက်ချင်းလူကြီးအား စိတ်ဆိုးပြေသွားမှာပါ။

လူကြီးက စချစ်ခဲ့တဲ့သူဆိုပေမဲ့ ကျွန်တော်လူကြီးကိုချစ်တာ လူကြီးထက်ပိုပါတယ်။လူကြီးက မချစ်တော့ရင်တောင် ဆက်ချစ်နေမဲ့လူမျိုးပါ။သို့သော် လူကြီးကသာ အခြားတစ်ယောက်ကို ရွေးချယ်သွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်ဆွဲထားမည်မဟုတ်။သို့​သော် ဆက်ပြီးချစ်နေမှာပါ။

" သီဟမင်း သွားမယ်လေ "

အတန်းတောင်ဆင်းပြီပဲ။နှင်းသက်ပြောမှ အတန်းထဲမှာ ကျွန်တော်တို့အဖွဲ့သာကျန်ခဲ့မှန်းသိလိုက်သည်။အဲ့လောက်ထိကိုအတွေးလွန်သွားတာပဲ။

" အင်း သွားမယ်လေ "

" မြူဝယ်စရာလေးရှိသေးလို့ ပြီးတော့ဒီနေ့က မြူ့မွေးနေ့ဆိုတော့ အားလုံးကို
မုန့်လိုက်ကျွေးမယ်လေ "

" ကျွေးမယ်ဆိုတော့လည်းလိုက်စားရတာပေါ့ "

နှင်းသက်ကပြုံးကာပြောလာသည်။

" မင်းရောလိုက်မယ်မလား သီဟမင်း "

" မလိုက်တော့ဘူးလေ သားလေးမျှော်နေလိမ့်မယ် "

" လိုက်ခဲ့ပါကိုသီဟရဲ့ ချစ်မဝလေးကိုအရင်ဝင်ခေါ်ပြီးသွားမယ်လေ "

" အင်းပါ...ရပါတယ် "

မြူ့မွေးနေ့ဆိုတော့ မလိုက်ရင်လဲအားနာစရာမို့ လိုက်ခဲ့ရန်ပြောလိုက်သည်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now