Part 25 ( Uni + Zawgyi)

2.8K 117 10
                                    

( Unicode)

...ဒေါက်..ဒေါက်...

" ကလေး...ကိုယ်ဝင်လာပြီနော် "

ကိုတောင်ရောက်လာပြီပဲ...မြန်သားပဲ

" ကလေး.. "

" ကို...ပန်းအိနဲ့သွားစရာရှိတယ်မလား...
ဘာလို့ဒီရောက်လာတာလဲ "

ကျွန်တော်လူကြီးဘက်သို့လှည့်ကြည့်ရင်းမေးလိုက်သည်။
လူကြီးက ကုတင်ခေါင်းရင်းအားမှီရင်းစာဖတ်နေသော ကျွန်တော့်နောက်သို့ဝင်ထိုင်ကာ ကျွန်တော့်အား သူ့ရင်ခွင်ထဲ ထည့်ဖတ်ထားသည်။

" ကလေး..... "

" အင်း...ပြော "

" ကိုယ့်ကိုစိတ်ဆိုးနေလားဟင်... "

လူ​ကြီးက ကျွန်တော့်ပခုံးပေါ်ခေါင်းမှီချရင်းအသံတိုးတိုး​​ဖြင့်​မေးလာသည်။

" စိတ်မဆိုးပါဘူး ကိုရဲ့ "

" ဘာလို့ကိုယ့်ဖုန်းကိုမကိုင်တာလဲ "

" ......... "

" ဟင်လို့....ကလေး "

" ......... "

" ကလေး....ကိုယ့်ရဲ့ ကလေးလေး....
ကိုယ့်ကိုစိတ်ဆိုးနေတာလားဟင် "

" မဟုတ်ပါဘူးကိုရယ်....စိတ်မဆိုးပါဘူး...ဖုန်းမကိုင်တာက ဘာလို့မှမဟုတ်ပါဘူး ဒီတိုင်းပဲ "

" .......... "

ကိုက ဘာမှထပ်ပြောမလာတော့ပေ။ကျွန်တော်လဲ ဖတ်လတ်စစာသာပြန်ဖတ်နေလိုက်သည်။
ကျွန်တော်စာမျက်နှာ လေးငါး မျက်နှာလောက်ဖတ်ပြီးသည်အထိတောင် လူကြီးကစကားပြောမလာပါ။

" ကို "

" ဗျာ.. "

ထူးလာသောအသံက တို့လျလျ...ဘာဖြစ်နေပြန်ပါလိမ့်...

" ဘာဖြစ်နေတာလဲ "

" ဟင့်အင်း "

​ခေါင်းခါရင်း​ပြောလာသည်။ တစ်ခုခုတော့ဖြစ်နေပါတယ်။

" ကို....ဘာဖြစ်နေတာလဲလို့ "

" ဘာမှမဖြစ်ပါဘူး "

" ပြောပါဆို "

" မေမေက ကိုယ်တို့ကိုခုထိသဘောမတူသေးဘူး.......အဲ့ဒါကြောင့်ပါ "

" ကို့အမေက ကလေးတို့ကိုဘယ်လိုမှသဘောတူမှာမှမဟုတ်တာ မျှော်လင့်မနေနဲ့ "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now