Part 23 ( Uni + Zawgyi)

2.3K 107 4
                                    

( Unicode)

" သားကို သူချစ်တဲ့သူနဲ့ပဲသဘောတူလက်ခံပေးလိုက်ပါလား သူဇာရယ် "

" ဘာလို့လက်ခံပေးရမှာလဲ...ယောကျာ်းတစ်ယောက်နဲ့သဘောမတူပေးနိုင်ဘူး....ပြီးတော့ ကောင်လေးက အရိုင်းအစိုင်း နောက်သူက ကလျာမြတ်ရဲ့သားလေ သဘောတူပေးစရာအကြောင်းကိုမရှိဘူး "

ဦးမြတ်မင်း သူ၏ဇနီးသည်အား သားနဲ့ သူ့ချစ်သူကောင်လေးအား လက်ခံပေးရန်ဖြောင်းဖြနေခြင်း ဇနီးဖြစ်သူက ကလျာ​မြတ်ဆိုသောမိန်ကလေးအားမုန်းကြောင်း ခနခနပြောဖူးပါသည်။ သို့သော် ကလျာ​​မြတ်ဆို​​သောမိန်းက​လေးကမမှားဘူးဆိုတာတော့ ဇနီးသည်ကလက်မခံ။ခေါင်းမာလှပါသည်။

" ရှင်ကရော သားကိုယောကျာ်းတစ်ယောက်နဲ့ သဘောတူနေတာလား "

" ကိုယ်တို့အတွက် ယောကျာ်းချင်းတွဲတာဟာမထူးဆန်းပါဘူး သူဇာရယ်..ဟိုမှာ သူဇာ့မိတ်ဆွေတွေထဲ လက်ထပ်ထားတဲ့သူတွေတောင်ရှိသေးတာပဲလေ "

" ဒါက ကျွန်မသားလေ ပြီးတော့ သူကြိုက်နေတဲ့သူက ဟိုကလျာမြတ်ဆိုတဲ့မြေခွေးမရဲ့သားလေ "

" ခုထိ အ​မြင်မှန်မရသေးဘူးပဲ "

" ကျွန်မကဘာများမှားနေလို့လဲ....ရှင်ကဟိုမိန်းမဘက်ကပါနေတာလား "

ဟူးးးး....သူဇာ... သူဇာဘယ်တော့မှများအမြင်မှန်ရမှာလဲ။ပြောပြတော့လဲလက်မခံ။တယ်ခတ်ပါလားကွာ။
ဦးမြတ်မင်း အပြင်မှာတော့ ဇနီးသည်အား ဘာမှထပ်မပြောတော့ပါ ပြောလျှင် စကားရဦးမှာမို့။
--------------------------------------------------
" ကလေး ဟိုနေ့ကဖြစ်ခဲ့တာတွေအတွက် ကိုယ်ကပဲတောင်းပန်ပါတယ်နော် "

" အမှားလုပ်တာကိုမှမဟုတ်ပဲ "

" ကိုယ့်မေမေအစား ကိုယ်ကပဲတောင်းပန်ပါတယ်ကွာ...မေမေကရုတ်တရက်ဆိုတော့... "

" ထားပါတော့.. "

" အင်းပါ..ကလေးရယ် "

ကျွန်တော်နှင့်လူကြီး coffee ဆိုင်တွင်ထိုင်ရင်းစကားပြောနေခြင်း။လူကြီးကတွေ့ရအောင်ဟုပြောသောကြောင့်ပင် ရောက်တော့လဲပြောတာကတောင်းပန်စကားပင်။ လူကြီးက ကျွန်တော့်အားအလွန်အားနာနေပုံရသည်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now