* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း (၂၄)
အိမ်ရှေ့စံက သူ့ရဲ့မျက်စိရှေ့မှာရှိတဲ့ အမဲလုံးလေးအား ကြည့်ရင်း တင်းတင်းစေ့ထားလေးတဲ့ အိမ်ရှေ့စံရဲ့ နှုတ်ခမ်းတွေက ယခုတော့ ကွေး
ညွှတ်ကာ ပြုံးနေခဲ့တယ် အပြာနုရောင်ဝတ်ရုံတော်အား အမဲရောင်ဖြစ်အောင် လုပ်ဆောင်ပစ်တဲ့
ဝကိပေါက်ကလေးက ကြိုးစားပန်းစား ပန်းချီရုပ်
ပြောင် အား ဆွဲနေခဲ့တယ် ကျဲလိုက်ပစ်လိုက်
ဖြစ်နေတဲ့ မှင်တွေက ဝက်ပေါက်ကလေးရဲ့ အင်္ကျီပေါ်မှာ ဆေးရောင်ခြယ်ထားသလို ပေရေ နေခဲ့သည့်တိုင် အိမ်ရှေ့စံက ဝက်ပေါက်ကလေးအား
အပြုံးမပျက်ပဲ ကြည့်နေခဲ့တယ်ဝေ့ပုစိ '' ခ် ခွီး ''
ပါးစပ်ကလေးအားလက်နဲ့အုပ်လို့ ရယ်မောနေတဲ့ သခင်ပေါက်စလေးက သူ့ဆွဲပြီးသော ပြောင်
မြောက်လှတဲ့ ရုပ်ပြောင်အား ကြည့်လို့ အူမြူး
ဟန်ရှိတယ် အိမ်ရှေ့စံက ထိုရုပ်ပြောင်အားကြည့်
လို့ ခေါင်းခါရင်း အပြုံးမပျက်ခဲ့ ထိုသခင်ပေါက်
စလေးက လန်အရှင်မင်းမြတ်ရဲ့ အကြမ်းပန်း
ကန်လုံးဖြင့်အပေါက်ခံရသော ရုပ်ပြောင်အား
ဆွဲလို့ လန်အရှင်မင်းမြတ်အား လက်ဆောင်ပေး
ဖို့ကြံရွှယ်ထားတယ် ဟုတ်တယ် သခင်ပုစိလေးက
အမွှေစိန်လေးဝေ့ပုစိ '' ဝှါး ''
အမဲလုံးလေးက လက်နှစ်ဖက်အားအပေါ်မြှောက်လို့ သူ့ရဲ့ချစ်မွှေးဗိုက်လုံးလုံးဟာ တုန်လျက်ရှိနေပြီး အာသီးနီနီလေးပေါ်အောင် သန်းဝေပစ်လိုက်တယ် ပြီးနောက် သူ့ရဲ့ပြောင်မြောက်လှတဲ့ ရုပ်ပြောင်ပန်းပန်းချီကို မှင်အခြောက်ခံဖို့ မှင်ခွက်နဲ့စာရွှက်ထိပ်အား ဖိထားခဲ့ပြီး ဝက်ပေါက်ကလေးက အိမ်ရှေ့စံအနား သွားထိုင်တယ်
အိမ်ရှေ့စံ '' ပျင်းနေလား သွားကစားမလား ''
ဝေ့ပုစိ '' ပျင်းပါဝူးနော့် ''ဝက်ပေါက်ကလေးရဲ့ အိမ်ရှေ့စံရဲ့ ရှည်ကျနေပါသော အင်္ကျီလက်စကို ယူကာ သူ့ရဲ့မဲညစ်ညစ်လက်ဖဝါးလေးတွေနဲ့ တမင် ပေကျံအောင် ဖန်တီး
ရင်း ဝက်ပေါက်ကလေးက အပြုံးကြီးကြီးပြုံးတယ်
သူတစ်ယောက်တည်းတော့ မဲညစ်မနေချင်ဘူး
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်