ဧကရာဇ်ဆိုတာ

745 66 22
                                        


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၄ )


ဧကရာဇ်က ယွီပင်းရဲ့လျှောက်ထားလာမှုကိုကြား
တဲ့အခါ မှာ အေးစက်စွာပြုံးလိုက်တယ်ပြီးနောက်
သူ့ကလေးငယ်ရဲ့နံဘေးသို့သွားကာ ပါးအိအိ
လေးနှစ်ဖက်ကို အနမ်းတစ်ခုစီပေးကာ အခန်းအ
တွင်းရှိ အရိပ်နက်များကို အသေအချာ မှာ
ကြားပြီး နဂါးဆောင်ထဲမှ ထွက်ခွာသွားတယ်

လေးဖက်လေးလံ မှောင်ပိတ်နေတဲ့ အခန်းတံခါး
ဖွင့်ဟလိုက်တဲ့အခါ အမှောင်ထဲ နေနေရသူအဖို့
တံခါးမှတစ်ဆင့်တိုးဝင်လာတဲ့ အလင်းတို့က မျက်
စိ ကျိန်းစေကာ အလင်းနဲ့အလွယ်တကူအသား
ကျဖို့ တော့ အချိန်သိပ်မပေးရဘူး သို့သော် အခှန်
ခဏ အတွင်းမှာပဲ သူက အနက်ရောင်ဝတ်စုံနဲ့
လူများ ၏ တရွတ်တိုက်မဆွဲရုံတမယ် ခေါ်
ဆောင်မှုနောက်သို့လိုက်ပါလာရပြီး မီးထိန်ထိန်
တောက်အောင် ထွန်းညှိထားတဲ့ အေးစက်စက်
မြေအောက် လမ်းတစ်လျှောက် လျှောက်နင်းရ
၍ ပိုမိုအေးစိမ့်သော အတွင်းပိုင်းသို့ ရောက်
ရှိလာတယ် သစ်သားပြားများဖြင့် ပြုလပ်ြထား
၍ မီးတုတ်များ ထွန်းလင်းနေသော အခန်းတစ်
ခု ၏ အလယ်တွင်ရှိသော ထိုင်ခုံတွင်ထိုင်လိုက်
ရပြီးတဲ့အခါ အခန်းအတွင်းရှိခြောက်ချားဖွယ်
ရာသော လက်နက်များကို တွေ့ရှိလိုက်ရတယ်

အဖမ်းခံရသူကသူမတူသော မျက်နှာပေးနဲ့
ဆက်လက်ထိုင်နေပြီး မျက်လုံးမှိတ်ကာ နေ
လိုက်တယ် ပြီးနောက် မဖြူစင်သော အပြုံး
တစ်ခု ပြုံးခဲ့တယ်

အချိန်အတော်ကြာပြီးတဲ့အခါမှ တရစပ်
လျှောက်လမ်းလာသော ခြေသံတစ်ခုကိုကြားရ
တယ် အခန်းထဲသို့ဖိအားတစ်ခုနဲ့အတူဝင်
ရောက်လာတဲ့ လူကို မြင်ဖို့ရာအတွက် သူက
သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ် သာမန်နဲ့
မတူသော ခရမ်းနုရောင် မျက်ဆံတွေက ရီဝေ
ဝေ ဖြင့်ကြည့်လာတဲ့အခါ အေးစက်စက်ရယ်
သံ တစ်ခုက အခန်းထဲတစ်လျှေက်ပျံနှံ့သွား
တယ် အဲ့ဒီ့အေးစက်စက်အသံရဲ့နောက်မှာ
သေခြင်းတရားအော်ရာတွေ ကပ်ပါလာတယ်

'' အပေါစားပညာလောက်နဲ့ အလုပ်ဖြစ်မယ်ထင်
လား ဟင်း ''

ခရမ်းနုရောင်မျက်ဆံတွေက ပိုမိုအရောင့်ရင့်
ကာရီဝေ မိန်းမော၍ ထိုခရမ်းရောင်များကြား
ပစ်ဝင်လောက်သည်အထိ ညို့ငင်အားပြင်းထန်
တယ် စောင့်ကြည့်နေသည်အရိပ်နက်များပင်
ရီဝေကာ အညို့အငင်ခံကြရပြီး တစ်ချို့အရိပ်
နက်များက လျင်မြန်စွာ ရိပ်မိပြီးသူတို့အချင်း
ချင်းပြန်လည်ထိန်းသိမ်းထားကြတယ် ခရမ်း
ရောင်မျက်ဝန်းတွေက မျက်ဝန်းနက်နက်တွေနဲ့
ထိပ်တိုက်ကြုံတွေ့ပြီးနောက် အချိန်အနည်းငယ်
ကြာတဲ့အခါ ဆက်လက်ဟန်မဆောင်နိုင်ပဲ
သွေးတစ်ပွက်အန်ကာ မျက်ဝန်းတွေက ပုံမှန်အ
ရောင်ပြန်ဖြစ်သွားတယ် ဧကရာဇ်အပေါ် သက်
ရောက်မှုမရှိဘူး ဒါ ဘယ်လိုဖြစ်နိုင်မလဲ

တစ်ကြော့ပြန်သော သမိုင်းကြောင်းOpowieści tętniące życiem. Odkryj je teraz