* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း (၄၆ )
ဧကရီအတွက် သီးသန့်ကျင်းပသောပွဲက ညအ
မှောင်အနည်းငယ် အခှန်စွန်းတော့ အကအလှ
တစ်ချို့ နဲ့အဆုံးသတ်ကာ အောင်မြင်စွာပြီး
ဆုံးသွားတယ် ဧကရီက နတ်နန်းသခင်မကြီးနဲ့
အတူ မိဖုရားခေါင်ကြီးကို သူမရဲ့ နန်းဆောင်သို့
အတူ လိုက်ပါပို့ဆောင်ပေးလိုက်တယ် မိဖုရား
ခေါင်ကြီးရဲ့အဆောင်ကနေ ဧကရီနဲ့ နတ်နန်းသ
ခင်မကြီးတို့အတူတကွပြန်လာကြရင်းစကားစ
မြည် ပြောကြတယ်'' ကျွန်တော့်ကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေး
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် '''' ကျွန်မ ဖန်တီးတာ မဟုတ်ပါဘူး ဧကရီနဲ့ဧကရာဇ်
ရဲ့ ဖူးစာ ဆက်နွယ်မှုကြောင့်ပါ ''နတ်နန်းသခင်မကြီးက ဧကရီရဲ့ အနောက်နားခြေ
နှစ်လှမ်းစာအကွာကနေသာ တရွေ့ရွေ့လိုက်
ပါလာရင်း ရိုကျိုးစွာပြန်ဖြေတယ် ဧကရီက မီး
ရောင်နဲ့လင်းနေတဲ့ နန်းတော်တစ်ဝိုက် ဝေ့ဝှိုက်
ကြည့်ရင်း အညိုရောင်မျက်ဆံတွေက ကောင်း
ကင်ယံက ကြယ်ကလေးကဲ့သို့ တလက်လက်
တောက်ပနေတယ်'' ဒါပေမယ့် သခင်မကြီးက အဓိကလုပ်ဆောင်
ပေးသူလေ ကျွန်တော်ရဲ့ကျေးဇူးတင်မှုကို
လက်ခံပေးပါ '''' ဧကရီက အရမ်း နှိမ့်ချတာပဲ ဒီငယ်သားလက်
မြောက် ပါတယ် ''ရယ်သံချိုချိုလေးက အနီးတစ်ဝှိုက်ကူးလူးသွား
တယ် ညမီးရောင်အောက်မှာ တစ်ကိုယ်တည်း
တောက်ပနေတဲ့ ဧကရီက မျက်တောင်မခတ်တ
တမ်း စိုက်ကြည့်ချင်လောက်တဲ့ အလှတရားကို
ပိုင်ဆိုင်ထားတယ်'' ရေစက် အဆုံးမရှိပါဘူး ဧကရီ အရာရာက
အလကား မရပါဘူး ဒီဘဝရဲ့ဇာတ်သိမ်းက ဧကရီ
နဲ့ကံကြမ္မာအပေါ်လည်း မူတည်ပါသေးတယ်
ဒီဘဝ ပြီးသွားတဲ့အခါမှာလည်း လှပတဲ့အိမ်
မက်တစ်ခု မက်တယ်ဆိုတဲ့ အတွေးထူးအပြင် ဧကရီပိုပြွးအမှတ်မရနိုင်ပါဘူး ''လမ်းခွဲတစ်ခုရောက်တဲ့အခါ ဧကရီက ခြေလှမ်း
တွေကို ရပ်တန့်လိုက်တယ် နတ်နန်းသခင်မကြီး
က မျက်လွှာချလို့ အပြစ်သားသဖွယ်ရှင်းလင်း
ပြောဆိုခဲ့တယ် တာဝန်မကျေပွန်တဲ့ငယ်သား
ဆစ်ယောက်အဖြစ် သူမ ကိုယ် သူမ ခံစားနေရ
တယ်
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်