* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၃၆)
ဒီဟာက အပိုင်းအရှည်ကြီး ရှည်မှာပါနော့ အဲ့တော့ ဝီးခနဲ ဒိုင်းခနဲ ဇာတ်ကွက်က မသွားပါဘူးရှင့်
ဥ ထားပြီးမှ ဖတ်မယ်ဆို ပိုအဆင်ပြေပါတယ်☺☺☺☺
စစ်ပွဲက ၃ ရက်သာ ကြာမြင့်ခဲ့ပြီး တန်စစ်သည်
တို့၏ အလောင်းများက လဟာပြင်မှာလင်းတ
ငှက်တို့၏ စားသုံးခြင်းကို ခံနေရတယ် တန်ပြည်
၏ အလံက ကျိုးကျနေပြီး အရှင်အဖမ်းခံလိုက်ရတဲ့ တစ်ချို့သော တန်စစ်သည်တွေက သုံးပန့် ဖြစ်လာကြတယ် ရာကျော်လောက်ရှိသော သုံး
ပန့်တွေကို သံကြိုးများဖြင့် တစ်ဦးနဲ့တစ်ဦး
ချိတ်တွဲထားစေခဲ့တယ် ပင်းယွဲ့ချူက ကျီဒုစစ်သူ
ကြီးရဲ့ ဒရွတ်တိုက် ဆွဲခေါ်သွားမှုကို ခံရပြန်တယ်
တန်စစ်သည်တို့အနေ ဖြင့် မိမိတို့ တိုင်းပြည်၏
မင်းသမီးအား ထိုကဲ့သို့ ဆက်ဆံပုံကို မကျေမ
လည်သော စိတ်ခံစားမှု မရှိကြပဲ ထိုမင်းသမီးကို
သာ နုတ်နုတ်စင်းချင်လာကြတယ် နန်းတော်နဲ့
အဆက်အသွယ်အနည်းငယ်ရှိသော စစ်သည်
က ပင်းယွဲ့ချူအကြောင်းကို မသိသေးသော
စစ်သည်တို့အား ပြောပြလိုက်တယ် ယဉ်ကျေးမှု
နဲ့ပတ်သက်လာလျှင် တန်ပြည်က ရှေ့ဆုံးမှ ဦး
ဆောင်နေပြီး နှစ်စဉ်တိုင်း အနောက်တိုင်း နဲ့ အိမ်
နီးချင်းမှ မင်းမျိုးမင်းနွယ်များ လာရောက်လည်
ပတ်ကာ များစွာသော လက်ဆောင်ပဏ္ဍာတို့ ရ
ရှိခဲ့တဲ့ မိမိတို့ တန်ပြည်က ယခုတော့ သူတစ်ပါး
လက်အောက်သို့ မရှုမလှ ကျရောက်ရပြီ စစ်အင်
အားလည်း တန်းတူရှိပါလျက် အသားထဲက လောက်ထွက်သော သံအမတ်ကြောင့် အရည်အ
ချင်းရှိတဲ့ ပထမ ဘုရင်ကြီးဟာ ပျောက်ချင်းမလှ
ပျောက်သွားပြီး စည်းစိမ်မက်သော သံအမတ်လက်
ထဲ မှာ တန်ပြည်ဟာ သူတစ်ပါးခြေဖဝါးအောက်
ရောက်ခဲ့ရတယ် ကြားသိရသလောက် လန်တိုင်း
ပြည်ရဲ့ အိမ်ရှေ့စံအား လိုချင်သော ပင်းယွဲ့
ချူ ရဲ့ အမှားများကြောင့် အိပ်ပျော်နေသော
နဂါးအား အော်နှိုးသလို ဖြစ်ခဲ့ရတဲ့ အခြေအနေ
တွေမှာ တန်ပြည်ဟာ မည်သို့မှ အရင်လို ကိုယ့်
တိုင်းပြည် ကိုယ့်ဘုရင်နဲ့ ရပ်တည်နိုင်မှာ မဟုတ်
တော့ ရင်နာစရာကောင်းလှသော အဖြစ်တို့အား
မလွန်ဆန်နိုင်စွာ လက်ခံ နေရတဲ့ အသက်ရှင်ကျန်
သူ တန် စစ်သည်တို့က ကျီစစ်သူကြီး ဆွဲခေါ်.ရာ နောက် ပါသွားသော ပင်းယွဲ့ချူအား အနားတွင်.ရှိသော ခဲများဖြင့် ကောက်ပေါက်ခဲ့ကြတယ်
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်