* တစ်ကြောပြန်သော သမိုင်းကြောင်း *အပိုင်း ( ၄၉ )
အခှန်တွေက ခပ်မှန်မှန်ပဲ ကုန်ဆုံးသွားတယ်
ကျန်းသခင်လေးနဲ့ မင်းသားကြီးရဲ့စေ့စပ်ပွဲပီး
ဆုံးသွားတော့ ကျန်းချန်က တိမ်လွှာနန်းမြိုင်ကို
တစ်ပါတည်းလိုက်သွားတယ် စေ့စပ်ပွဲကို
ဧကရာဇ်နဲ့ဧကရီကိုယ်တိုင် တတ်ရောက်ပြီး
ဧကရာဇ်က ကျန်းသခင်ကြီးနဲ့ကျန်းသခင်မကြီး
ကို တလေးတစားနဲ့ လက်ဆတ်ဖို့အကြောင်းကို
ထပ်မံပြောဆိုခဲ့ပြီး မိဖုရားခေါင်ကြီးကလည်း
စေ့စပ်ပွဲအတွက် လက်ဆောင်ပဏ္ဍာများစွာကို
ကျန်းသခင်မကြီးကိုပေးအပ်ကာ စကားများစွာ
ပြောဆိုခဲ့တယ် စူးအိမ်တော်က စူးကျောင်ချွမ်
ရောက်ရှိလာပေမယ့် တည်ငြိမ်စွာပဲ ပြန်သွားတဲ့
အတွက် စေ့စပ်ပွဲက အောင်မြင်စွာပြီးဆုံးသွား
တယ်ဟိတ်ဟန်ထားရှိရမယ့် ပွဲတွေ ပြီးဆုံးသွားတဲ့အခါ
ဧကရီဆိုတဲ့ဂုဏ်ပုဒ်ခြုံထားတဲ့ အရေခွံကို
ယုန်ပေါက်စလေးက လျင်မြန်စွာ ချွတ်ချလိုက်
တယ် သူ တအားတွေဆိုးချင်နေပီ ဧကရာဇ်က
အရေခွံမရှိတဲ့ ယုန်ပေါက်ကလေးကို မြတ်နိုးစွာ
နဲ့ ရှုမဝဖြစ်နေတယ် ဧကရာဇ်က ဆေးမမှီတော့
ဘူး'' ဆိုင်ကြီးကစပြီး ပြသနာနည်းနည်းရှိချင်နေ
တယ် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့
စားသုံးသူတွေကိုပဲ ပျူငှါဖို့မဟုတ့်ဘူး ဘယ်လို
အဝတ်အစားနဲ့ဘယ်လို ပုံစံလာလာ ဆိုင်ဝန်
ထမ်းတွေက ပျူပျူငှါငှါနဲ့ ဝင်လာတဲ့သူ ပြန်
ထွက်မသွားချင်အောင်နဲ့ အားမငယ်ရအောင်
တစ်ပါတည်း ဆွဲခေါ်တတ်ဖို့အများကြီးလိုနေ
တယ် ဒီမှာ နာမည်စားရင်း လက်ခွဲဆိုင်ရဲ့
ဝန်ထမ်းတွေထိပါ ပါတယ် သူတို့ကို ခုလ လစာ
နဲ့ နောက်တစ်လစာ ငွေ အပြည့်အဝပေးပြီး ထုတ်
လိုက် လျော့သွားတဲ့လူတွေအပြည့်မဖြစ်သေး
ခင်ထိ တော့ တစ်ပတ်လောက် ကျန်ရှိလူတွေက
နည်းနည်းပိုပင်ပန်းပေးရမယ်အဲ့ဒီအတွက် အဲ့
တစ်ပတ်စာ ဆုကြေးပိုပေးပါမယ် ဝန်ထမ်း
အသစ်အလိုရှိကြောင်းကို မြို့ထဲမှာလိုက်လံစာ
ကပ်ရမယ် ကပ်ရမယ်စာ ကျွန်တော် ရေးပေး
လိုက်မယ် ''ယွီပင်းနဲ့စုရှားက ခေါင်းတငြိမ့်ငြိမ့်နဲ့ သခင်
ပေါက်စလေးပြောသမျှ နားစိုက်ထောင်နေကြ
တယ် သခင်ပေါက်စလေးရဲ့အမြင်ဆန်းဆန်းနဲ့
လမ်းညွှန်ပြသမှုတွေက သူတို့ကို အတွေ့အကြုံ
သစ်ရစေတယ် သခင်ပေါက်စလေးက အကြံ
အစည်နဲ့သူတို့ကို ကူညီပေးနေတယ်ဆိုတာ
တော့ နှစ်ကြာတစ်ကိုယ်တည်းသမား တွေက မ
သိရှာကြဘူး
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်