ယုန်တွေက တကယ်ပညာရှိပဲ

1.3K 108 24
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း (၂၈)

မင်ကုန်ကုန်း '' အရှင့်သား ပွဲတော်ကို သွားဖို့အချိန်ရောက်နေပါပြီ ''

ကုန်းကုန်းအသံကြားတော့ အိမ်ရှေ့စံက သခင်ပေါက်စလေးရဲ့ အင်္ကျီကို သပ်ရပ်သွားအောင်
ပြုပြင်ပေးလိုက်တယ် ထို့နောက် အိမ်ရှေ့စွက
ပစ္စည်းတွေ စီထည့်ထားတဲ့ ဗီဒိုကို သွားဖွင့်လိုက်
တယ် လေးဆင့်ဗီဒိုရဲ့ လေးထပ်မြောက် တံခါး
လေးကို ဆွဲဖွင့်ပြီးနောက် တစ်စုံတစ်ခုကိုယူလို့
အိမ်ရှေ့စံက သခင်ပေါက်စလေးကို ပေးလိုက်
တယ်

ဝေ့ပုစိ '' ယပ်တောင်လေးပါလား ''

အဖြူဆွတ်ဆွတ် ယပ်တောင်ဖြူ လေးကို သခင်
ပေါက်စ လေး အလွန်သဘောကျခဲ့တယ် ယပ်တောင်၏ ဘေးအမာသား တစ်ဖက်စီမှာ လန်မျိုးရိုးရဲ့
နဖူးစည်းမှာ ပါသော ငွေရောင်အမှတ်အသား
ကို ထွင်ုးထားစေတယ် ယပ်တောင်၏ ဖျင်သား
မှာတော့ ငွေရောင်ဖြင့် အတွန့်အကောက်ကလေး
များကို ပုံဖော်ထားတယ် သခင်ပေါက်စ လေးက
ယပ်တောင်ကို ဖြန့်လိုက် ပြန် သိမ်းလိုက်နဲ့အ
တော် ဟန်ကျနေတယ်

အိမ်ရှေ့စံ '' သဘောကျပါရဲ့လား သခင်လေး ''

အိမ်ရှေ့စံက ကလေးငယ်အားကြည့်ရင်း ကြည်
နူးနေမိတယ် သူ့ရဲ့မျက်စိရှေ့မှာ ပြုံးပျော်နေရ
တဲ့ ဝက်ပေါက် က လေးကို ဘယ်အရာနဲ့မှ အိမ်
ရှေ့စံ မလဲဖယ်နိုင်ဘူး

ဝေ့ပုစိ '' နေပါဦး ရှန့်ရှန့်ကြည့်ပါရစေ ''

ကိုယ်လုံးကိုပါ မြင်တွေ့ရတဲ့ကြီးမားတဲ့ ကြေးမုံ
ရှေ့မှာ ဝက်ပေါက်ကလေးက ယပ်တောင်ကို ကိုင်
ထားရင်း ခန္ဓာကိုယ်ကို ဟိုဘတ်သည်ဘတ် လှည့်
ပတ်ကြည့်ရှုတယ် ဘယ်ရှုထောင့်ကဖြစ်ဖြစ်
အရမ်း ခန့်ညားနေတော့ ဝက်ပေါက်ကလေးက
ကြေးမုံပြင်မှာ ထင်ဟပ်နေတဲ့ သူ့ရဲ့ပုံရိပ်ကို သူ
အရမ်းသဘောကျနေတယ် ကြေးမုံက အနည်း
ငယ်တော့ ကြည်လင်မှုမရှိပေမယ့် အိမ်ရှေ့စံတစ်
ပါးရဲ့ ကြေးမုံ ဖြစ်လို့ သည်မျှထိ ကြည်လင် တာ
ဖြစ်ကြောင်း သခင်ပေါက်စနားလည်တယ် သူ့ရဲ့
ရွှေပေါင်လုံးကြီးက ဒီဘတ်ခေတ်မှာ ဘယ်မျှထိ
ကြီးကျယ်စွာ ခမ်းနားမလဲ သူ သိချင်ပါတယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now