* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၆၂)
နံနက်လင်းအချိန်အခါမှ ဧကရာဇ်နဲ့ဧကရီက နန်း
တော်သို့်အေးချမ်းစွာပဲ ပြန်ရောက်လာတယ် နံ
နက်ခင်းညီလာခံတတ်ရောက်မယ့် ဧကရာဇ်ကပြင်
ဆင်လိုက်ပြီးချိန်ထိ အမူးသမားလေးက မနိုးထလာ
သေးဘူး ဟုတ်တယ် ကျန်းအိမ်တော်ကနေ နဂါး
ဆောင်ထိ ဧကရာဇ်ကသူ့ကလေးလေးကို တယု
တယ ချီပွေ့ခေါ်လာတာဖြစ်ပါတယ် အိပ်မော
ကျနေတဲ့ အမူးသမားလေးက အိမ်မက်လှလှမက်
နေရင်း ပြည့်ဝိုင်းတဲ့မျက်နှာလေးက ပြုံးပြုံးလေး
ရှိနေတယ် ပြည့်ရှင် တရှုံ့ရှုံ့နမ်းရှိုင်လို့မဝနိုင်
တဲ့ မျက်နှာလေးပေါ့'' ဆူညံမှု မရှိစေနဲ့''
ခစားရတဲ့အမှုထမ်းတွေက အသက်ရှူကြပ်သွား
ကြတယ် သူတို့ ရဲ့အသက်ရှူသံတွေကို ခပ်မျှင်း
မျှင်းသာရှူဖို့ ရွေးချယ်လိုက်ကြတယ် သူတို့
ဧကရာဇ်၏ အချစ်အသက်လေး အိပ်စက်နေတာ
ကို ဘယ်လိုသတ္တိနဲ့မှ အနှောက်အယှက်မပေး
ချင်ကြဘူး ခေါင်းနဲ့လည်ပင်းတွဲလျက်ရှိနေချင်
ကြသေးတယ်ဧကရာဇ်က ညီလာခံသို့ကြွရောက်လာတယ်
ကုန်းကုန်းရဲ့အောင်မြင်လှတဲ့အသံအဆုံးမှ ကြွက်
ကြွက်ညံနေတဲ့ ညီလာခံက တိတ်ကျသွားတယ်
ညီလာခံခမ်းမထဲ ပြည့်ရှင်ရဲ့လျှောက်လှမ်းသံက
မကြားရလောက်သလောက် တိတ်ဆိတ်နေပြီး
အေးစက်တဲ့မျက်နှာသေနဲ့ပဲ ပြည့်ရှင်က ပုလ္လင်
ပေါ်တတ်ထိုင်လိုက်တယ်'' လျှောက်တင်စရာရှိတာကို လျှောက်တင်ကြ''
ပြည်နယ်ရေးရာ အဖျာဖျာကို အမတ်အသီးသီးကလျှောက်တင်ကြပြီးပြည့်ရှင်၏ အမိန့်ပေးသံက ပြတ်သားစွာ ထွက်ပေါ်လာတယ် ဧကရာဇ်
လက်ထပ်မှာ ပုန်ကန်ထကြွမှုတွေမရှိတဲ့အတွက် အရာရာတိုင်းကအေးချမ်းနေပေမယ့် ကြီးမား
ကျယ်ပြန့်တဲ့အင်ပါယာမှာ မပြောင်းလဲသော
လာဘ်စားမှုနဲ့ အဆင့်မြင့်အမှုထမ်းတွေက ကြီးပွား ချမ်းသာ ဗိုက် အဆီရွှဲဖြစ်နေကြတုန်းပဲပုလ္လင်ထက်တွင် မပြိုလဲသောကျောက်ဆောင်
ကြီးပမာတောင့်တင်းစွာ မတ်မတ်ထိုင်နေတဲ့ပြည့်
ရှင်၏ မျက်နှာသွင်ပြင်က ပျော့ပြောင်းနူးညံ့
ခြင်းမရှိပဲ အေးစက်နေတုန်းပဲ
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်