ကိစ္စအဖျာဖျာ

1K 93 24
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၃၃)

( အသက်က ဟတ်ချလောင်းဆိုပြီး ကြီးလို့မရ
တော့ဘူးလေနော် သူအချိတ်အဆက်နဲ့သူ
ဖြစ်သွားတယ် 😁😁😁😁)

'' အဟွတ် အဟွတ် ''.

ရေထဲမှ သူမကို ဆောင့်ဆောင့်အောင့်အောင့်လာ
ကယ်ပေးတဲ့ လူကြောင့် မိန်းမငယ်လေးက အ
သက်ရှင်သန်ခွင့် ရခဲ့တယ် ရေစပ်နားမှာ မောပန်း
တကြီးနဲ့ လေကို လုရှူ​နေတုန်းမှာပဲ သူမ ထံသို့
အမဲရောင်အပေါ်ဝတ် တစ်ခု ပစ်ပေါက်ပေးခြင်း
ခံလိုက်ရတယ်

မိန်းမပျိုလေးနာမည်က ကွေ့ချွဲရူ ခေါ်
ကင်နာဟီး

နာဟီး '' ကျေး အဟွတ် ကျေးဇူးတင်ပါတယ် ''

နာဟီးက သူမအား ကယ်ဆယ်ပေးသူကို မော့ကြည့်ရင်း အပြုံးယဲ့ယဲ့လေးနဲ့

နာဟီး '' ကျူ စစ်သူကြီး ကျွန်မကို မိဖုရားခေါင်
ကြီး ရှိရာကို ခေါ်ဆောင်သွားပေးနိုင်မလား အရှင်.မင်းကြီးအတွက် ဖြေဆေး သောက်ဖို့ ရှိ
နေသေးတယ် အဲ့ဒါ မသောက်ရရင် အရှင်မင်း
ကြီးက နိုးလာမှာ မဟုတ်ဘူး ကျွန်မမှာ ဖြေဆေး
ရှိတယ် ''

နာဟီးက သူမအင်္ကျီလက်ထဲမှ အနည်းငယ်ရေ
စိုနေတဲ့ ဖြေဆေးတွေကို ကျူ စစ်သူကြီးရှေ့မှာ
ထုတ်ပြလိုက်တယ် အနောက်နိုင်ငံမှ သူမ ယူ
ဆောင်လာတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ထား
တာဖြစ်လို့ ဆေးက ကောင်းမွန်စွာ ရှိနေသေး
တယ်

စစ်သူကြီး '' မင်း မှာ ဖြေရှင်းချက် ကောင်း
ကောင်းရှိဖို့ ငါ မျှော်လင့်တယ် ''

ရေစိုနေတဲ့အင်္ကျီတွေနဲ့ဖရိုဖရဲ ဖြစ်နေတဲ့ သူမရဲ့
ပုစံကို ပြုပြက်ကာ စစ်သူကြီးပေးတဲ့ အနက်ရောင်
အင်္ကျီကိုအပေါ်ကနေ ထပ်ခြုံထားလိုက်တယ်

နာဟီး '' စစ်သူကြီး တစ်ခါတစ်လေ မြင်နေရတာ
တွေဟာ မှားယွင်းနေတတ်တယ် ကျွန်မကို နည်း
နည်းလောက်ကူပေးပါ ကျွန်မ ခြေထောက် ထိထား
လို့ ''

ကျူစစ်သူကြီးက သူ့ရဲ့ဓားကို ဘယ်လတ်သို့ပြောင်းကိုင်ကာ ညာလက်မှ နာဟီးကို တွဲကူကာ ထို
နေရာမှ ထွက်ခွာ သွားကြတော့တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now