မဖတ်ခေါ်တဲ့ ပြသနာတွေ

747 65 11
                                        

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၃)



တော်ဝင်သမားတော်ကြီးချင်က နဂါးဆောင်အတွင်းရှိ သလွန်ပေါ်တွင် လဲလျောင်းနေသော
ဧကရီရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာစမ်းသပ်
နေရပြီး ဧကရာဇ်က နံဘေးတွင် ပူပန်မှုများနေ
သော မျက်နှာသွင်ပြင်နဲ့ ထိုင်ကြည့်နေခဲ့တယ်
သမားတော်ကြီးက ဧကရီရဲ့လက်ကောက်ဝတ်မှ
တစ်ဆင့် ကျန်းမာစွာ လည်ပတ်နေသော သွေး
ကြောတွေကို စမ်းသပ်သိရပြီးနောက် မျက်မှောင်
ကြုံ့လျက် အခက်ကြုံလာရတယ် သူ ဧကရာဇ်
ကို ဒီအကြောင်းဘယ်လိုများ လျှောက်တင်ရမလဲ

'' မောင်မင်း ငါ ကိုယ်တော်ကို အမှန်အတိုင်း
လျှောက်တင်ပါ ''

'' မှန်လှပါဘုရား ဧကရီရဲ့ခန္ဓာက ပုံမှန်အတိုင်း
ကျန်းမာနေပြီး ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုအနည်း
ငယ်သာ ရှိနေပါတယ် စိုးရွံ့ပေမယ့် အရှင်မင်း
ကြီးဘုရား ဧကရီက အခု အိပ်ပျော်နေတာပါ
ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကြောင့် နှစ်ခြိုက်စွာ
အိပ်ပျော်နေတာပါ ဒီအိပ်ပျော်နေမှုက ကြာ
ညောင်းဖို့ရာလည်း ဖြစ်နိုင်ပါတယ်

ဧကရာဇ်က တုန်လှုပ်စွာနဲ့ ထိုင်ရာမှ ထရပ်လိုက်
တယ်

'' ဘာငါကိုယ်တော်ရဲ့ ကလေးက အိပ်ပျော်နေ
တယ်.... မောင်မင်း ကုသပေးနိုင်တယ်မလား ''

'' ဒီကျေးကျွန်ရဲ့ပညာအသိက မနှံ့စပ်တဲ့အတွက်
အရှင်မင်း.....''

'' တိတ်စမ်း မောင်းမင်းရအောင်ကုသရမယ်''

'' မှန် မှန်လှပါ အရှင်မင်းကြီး ''

သမားတော်ကြီးချင်က မခိုင်ချင်တော့တဲ့ဒူးကို တရွတ်ဆွဲလို့ နဂါးဆောင်မှထွက်လာပြီးနောက်
အသက်ဝအောင်ရှူ ရှိုက်လိုက်ကာ
မှောင်မဲနေတဲ့ ကောင်းကင်ယံကို မော့ကြည့်၍
လေးလံသော သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်တယ်

'' ဘယ်ငမိုက်သားကများအိပ်စက်နေတဲ့နဂါးအ
ရှင်ကို ရန်စပြီး လှုပ်နိုးလိုက်သလဲ ''

နဂါးဆောင်အတွင်းတွင်သော အက်ကျသံမျှပင်
မကြားရပဲ ဧကရာဇ်က ဧကရီရဲ့လက်တစ်
ဖက်ကို သူ့ရဲ့လက်နှစ်ဖက်ကြား ဆုပ်ကိုင်ထားပြီး
ဆောက်တည်ရာ မရသော မျက်ဝန်းများဖြင့်
မတည်မငြိမ်ဖြစ်နေခဲ့တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းOnde histórias criam vida. Descubra agora