ဂ႐ုစုိက္မႈ

1.6K 108 8
                                    

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၂၅)

ဝေ့ပုစိက အြံ့မှိုင်းနေတဲ့ မဲမဲသဲသဲ တိမ်လိပ်တွေ
ကို မော့ကြည့်နေခဲ့တယ် မိုးလေ အေးအေးက
ခပ်စိမ့်စိမ့် ခန္ဓာကိုယ်ထဲ စီးဝင်သွားသလို ခံစား.ရသည့်အထိ ဖြတ်တိုက်သွားတယ် ဒီ အေးစက်စက်
ခံစားချက်ကို သခင်ပေါက်စလေးမကြိုက်ဘူး

သခင်ပေါက်စလေးက အိမ်ရှေ့စံရင်ခွင်ထဲ ပိုတိုး
လို့ သူ့ရဲ့ခန္ဓာကိုယ်လေးကို လေအေးအေးတွေ
မထိတွေ့နိုင်အောင် အသညး်အသန်ကာကွယ်
တယ် လက္တစ္ဖက္က စာအုပ်ကို ကိုင်ဖတ်နေတဲ့ အိမ်ရှေ့စံက သူ့ရင်ခွင်ထဲ အနွေးဓာတ်ရှာဖွေ
နေတဲ့ ဝက်ပေါက်ကလေးကိုငုံ့ကြည့်လိုက်ပြီး အား
နေတဲ့ သူ့ရဲ့လက်တစ်ဖက်နဲ့ သခင်ပေါက်စလေးကို ပွေ့ဖက်ထားပေးခဲ့တယ်

မင်ကုန်းကုန်း '' အိမ်ရှေ့စံမင်းသား တန်မင်းသမီး
ရောက်ရှိနေပါတယ် ''

အိမ်ရှေ့စံက လက်ထဲမှ စာအုပ်ကိုစားပွဲခုံပေါ် တင်လိုက်ပြီး သခက်ပေါက်စလေးအား ချီလျက်ပင် အဆောင်တော်အတွင်းအခန်းမှ ထြက္လာကာ အခန်းဝကို ကုလားကာချလိုက်တယ် ပြီးတော့ အပြင်ဘတ်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ် သခင်ပေါက်စလေးက အိမ်ရှေ့စံပေါင်ပေါ်မှာ ထိုင်လျက်
အိမ်ရှေ့စံရဲ့လည်တိုင်နဲ့ပုခုံးကြား မျက်နှာအပ်
ကာ ငြိမ်သက်နေတယ်

အိမ်ရှေ့စံ '' ဝင်လာခဲ့ပါ ''

အဖြူရောင်ဝတ်စုံပေါ် ရိုးရာဆင် အလိမ်အကောက်များကို ငွေကြိုးဖြင့်အကွက်ဖော်ထားကာ ခေါင်းတွင်လည်း ရိုးရှင်းသော ရိုးတံဖြူသစ်သားထွင်းထားသည့် ဆံထိုးကိုသာ ပန်ဆင်ထားတယ်
အပြုံးနုနုတို့အား မျက်နှာထက် ချိတ်ဆွဲရင်း
အိနြေ္ဒရှိစွာ တစ်လှမ်းချင်းလျှောက်လှမ်းလာပုံက
ကျက်သရေရှိလှတဲ့ ဂုဏ်သရေရှိ မင်းသမီးတစ်ပါးဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီမျှ ပြည့်စုံနေတယ်

ပင်းယွဲ့ချူက ဖြူစင်သော မိန်းမကောင်းပုံစံလေးနဲ့ အိမ်ရှေ့စံရဲ့အဆောင်တော်ထဲ ဝင်လာခဲ့
တယ် တစ်ချိူ ့သော အမှုထမ်းကာစ အစေခံတွေက အိမ်ရှေ့စံမင်းသားနဲ့ ပင်းယွဲ့ချူက လိုက်ဖက်ညီတယ်ဆိုတဲ့ တီးတိုးစကား ဆိုကြတယ် ဒါပေမယ့် အဲ့ဒါက.အစွန်းအဖျား အတင်းအဖျင်းစကားသဲ့သဲ့ပါပဲ

တစ်ကြော့ပြန်သော သမိုင်းကြောင်းHikayelerin yaşadığı yer. Şimdi keşfedin