အခု ဒီချစ်စရာယုန်လေးကို ပွဲတတ်ခွင့်ပေးတော့မလား

908 83 13
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၄၄)

'' ဧကရီလေး ပွဲတတ်ရောက်ရမယ့် အချိန်ရောက်နေပါပြီ အရှင်မင်းကြီး ''

'' စောင့်နေလိုက်ဦး ''

'' မှန်လှပါ ''

ဧကရာဇ်က ပြုံးစစ မျက်နှာမျိုးနဲ့ ကလေးငယ်
ရဲ့ ဖရိုဖရဲ ဖြစ်သွားတဲ့အဝတ်အစားတွေကို ပြန်
ပြင်ပေးနေခဲ့တယ် မျက်ရည်ဝေ့သီလျက် အ
သက်ဝအောင် ရှူနေရတဲ့ ကလေးငယ်က နောက်
တစ်ခါ အရှင့်အား ချွဲဖို့အတွက် စဉ်းစားနေမိ
တယ် သူ အနမ်းခံရမှုကြောင့်မူးမေ့လဲ မသွားချင်
ဘူး သနားစရာ ကောင်းလိုက်တဲ့ကလေးလေး

'' ဆံထုံးပြန်ထုံးရအောင် ''

'' နောက်ကျရင် အဲ့ဒါ အရှင့်ကြောင့် ဟွန်း ''

ဧကရာဇ်က အချိန်ကို သိတာကြောင့် မယ်တော်
က စောလျင်စွာ ဝေါယာဉ်လွှတ်ပေးထားကြောင်း
သိတယ် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ဆံ
ထိုးကို ဖယ်လိုက်တဲ့အခါ ယင်းတိုက်ရောင်ကဲ့သို့
သော ဆံနွယ်တို့က ပျော့အိစွာ ပြိုကျလာခဲ့တယ်
ဧကရာဇ်က ကလေးငယ်ရဲ့ ဦးခေါင်းထိပ်မှစပြီး ခါးလယ်ကျော်သော ဆံနွယ်အဆုံးထိ နမ်းရှိုက်
ပစ်ခဲ့တယ် ကြေးမုံမှ တစ်ဆင့် မိမိကြင်ဖက်ရဲ့မိမိ
ရဲ့ဖြစ်တည်မှုအသေးအမွှားကအစ အမြတ်တနိုးရှိ
ပုံကို မြင်တွေ့နေရသော ကလေးက ပါးကလေး
တွေ တဖန်ရဲမြန်းလာရပြန်တယ် သို့ပေမယ့် လည်
ဂုတ်သားဖွေးဖွေးထက်သို့ အရှင့်ရဲ့အနမ်းတွေကူး
လူးလာတဲ့အခါမှာတော့ ကလေးငယ်က အရှင့်ရဲ့
မျက်နှာကို သူ့ရဲ့လက်နှစ်ဖက်နဲ့ တွန်းဖယ်လိုက်
တယ် အရှင်က ခပ်တိုးတိုးရယ်သွေးပြန်တယ်

'' တအားလွန်နေပီလို့ ရှန့်ရှန့်ပွဲတတ်ရဦးမှာ
လား ...''

ကလေးလေးက စကားဆက်ချင်ပေမယ့် ပြော
စရာ စကားမရှိတော့သလိုမျိုးစွန့်အ သွား
တယ် ကလေးငယ်ရဲ့ လက်နှစ်ဖက်စလုံးမှ လက်
ဖျား တစ်ခုချင်းကို အရှင်က ငုံခဲကာ ခပ်ဖွဖွ ကိုက်
နေခဲ့တယ် ဧကရီလေးရဲ့မျက်နှာပြင်နီရဲလာပြီး
ခေါင်းထဲမှာ အချက်ပေးသံတွေပေါ်ထွက်လာ
တယ် အခု အရှင်က နောက်ကျနေတဲ့အချိန်မှာ ဘာ
လုပ် နေတာပါလဲ

တစ်ကြော့ပြန်သော သမိုင်းကြောင်းNơi câu chuyện tồn tại. Hãy khám phá bây giờ