အူယားလေး

755 76 15
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၇)

နတ်နန်းသခင်မကြီးက လွင်ချင်ရဲ့ပြာကို လန်မြို့
ပြင်ရှိ မြစ်ပြင်ကျယ်ကြီးတွင်မြောလိုက်ပြီး
ဝိညာဉ်ငြိမ်းချမ်းစေဖို့နဲ့ ကောင်းမွန်သောအရပ်
ကို ရောက်ရှိကာ ပြန်လည်ဝင်စားနိုင်စေဖို့အ
တွက် ပြုလုပ်သင့်သည်များကိုပြုလုပ်ပေးခဲ့ပြီး
ပြီးဖြစ်တယ် နတ်နန်းသခင်မကြီးက အရာအား
လုံးကို တွယ်တာစိတ်ကင်းမဲ့နေသော အမူအယာ
မျိုးနဲ့ ဧကရီ မေးသမျှကို ဖြေကြားပေးခဲ့တယ်
သူမ ရဲ့ မျက်နှာဟာ အလွန်ငြိမ်းချမ်းနေပြီး သူ
မရဲ့ တပည့်မလေးအတွက် စိတ်ချ သလိုပုံစံမျိုး
ရှိနေခဲ့တယ် ဘဝ နှစ်ခုမှာ သိမြင်ကြုံတွေ့ခဲ့သော
အတွေ့အကြုံအသိပညာတွေအရ သူမရဲ့ တ
ပည့်မလေးက အဖွားမုန့်၏ မေ့ပျောက်ခြင်းစွတ်
ပြုတ်ကို သောက်ပြီးနောက်အေးချမ်းစွာ ဘဝ
တစ်ဖက်ခြားသို့ကူးပြောင်းသွားပြီဖြစ်ကြောင်း
နတ်နန်းသခင်မကြီးက တွေ့မြင်ခဲ့တယ်

နတ်နန်းသခင်မကြီးကပြောတယ်

'' လွင်ချင်ကို ကျွန်မရဲ့နတ်နန်းအနောက်ဘတ်မှာ
ရှိတဲ့ တောအုပ်ထဲမှာ ဖျားနာပြီး နောက်ဆုံးအ
သက်ကို အားတင်းထားတဲ့ ထင်းခုတ်သမားလင်မယား
ထံကနေ ရခဲ့တာ လွင်ချင်ရဲ့အမေက လသားသ
မီးလေးကို ကျွန်မလက်ထဲ ထည့်ပေးပြီးတော့
လင်မယားနှစ်ယောက်စလုံးဆုံးပါးသွားခဲ့တယ်
လွင်ချင်ကို ကျွန်မ ဝမ်းနဲ့လွယ်မမွေးရပေမယ့်
ကျွန်မရဲ့သားသမီးနဲ့မခြား ပြုစုပျိုးထောင်
ပေးခဲ့တယ် လွင်ချင် အသက် ၉ နှစ်ပြည့်တော့
ဧကရာဇ်ရဲ့အိမ်ရှေ့စံတင်မြှောက်ပွဲကို ကျွန်မနဲ့
အတူတူ လိုက်လာခဲ့တယ် အိမ်ရှေ့စံကို လွင်ချင်
မြင်မြင်ချင်းနှစ်သက်ခဲ့တယ် အဲ့ကတည်းကစပြီး
လွင်ချင်ရဲ့ ဘဝ အနာဂတ်လမ်းခရီးက မှောင်ရိပ်
သန်းလာခဲ့ပြီး ကျွန်မ တားမြစ်ခဲ့ပေမယ့်အရာမ
ထင်ခဲ့ဘူး အဲ့ဒီနောက် သူမကို နတ်နန်းပြင်ထွက်
ခွင့်ပိတ်ခဲ့တယ် အရှင်မင်းမြတ်နဲ့ဧကရီရဲ့သ
တင်းစကားတွေကိုသူကြားတဲ့အခါ နန်းတော်ထဲ
ကို သူမ ကျွန်မ မသိခင် မကြာခဏ ခိုးဝင်ခဲ့ပြီး
ဧကရာဇ်ကို တိတ်တိတ်လေးခိုးကြည့်ခဲ့တယ်လို့
လွင်ချင်ရဲ့အဖော် လန်မု က ကျွန်မကို ပြောပြခဲ့
တယ် သူမက အရှင်မင်းမြတ်ကိုနှစ်သက်တဲ့
စိတ်ကနေ သူမရဲ့စိတ်အာရုံတွေကထွေပြားပြီး
သူမရဲ့စိတ်က အရိပ်မည်းဖုံးသလို သူမရဲ့စိတ်
တွေက ပုံမှန်မဟုတ်တော့တာ ကျွန်မသိလိုက်ရ
တယ် အရှင်မင်းမြတ်က တန်ပြည်ကိုသိမ်းပိုက်
ပြီးလအတော်ကြာ အခြေအနေတွေအေးချမ်းသွားတော့ ကျွန်မက လွင်ချင်ကို တန်ပြည်က
အဆိပ်ကုသရေးနဲ့ပတ်သက်ပြီး ကျွန်မရဲ့သူ
ငယ်ချင်းထံမှာ သွားရောက်လေ့လာသင်ယူခဲ့ဖို
့ပြောခဲ့တယ် သူမ ထွက်သွားပြီးလအနည်း
ငယ်ကြာတော့ ကျွန်မ သူငယ်ချင်းက လွင်ချင်
အဆင်ပြေကြောင်းစာပို့ပေးခဲ့တယ် အရာအား
လုံး ငြိမ်သက်နေပြီလို့ထင်တဲ့အခါကျမှ သူမကို
လန်ပြည်ကို ပြန်လာခိုင်းခဲ့တယ်သူမက တကယ်
တမ်းတော့ ကျွန်မသူငယ်ချင်းကိုလှည့်စားနေ
ထိုင်ခဲ့တာ တန်ပြည်ရဲ့ထွက်ပြေးတိမ်းရှောင်နေ
တဲ့တော်ဝင်မျိုးနွယ် ပင်းအိုက်ချူနဲ့သူမဆုံခဲ့
ပြီး ရည်ရွှယ်ချက်အနည်းငယ်တူညီတော့နှစ်ဦး
သားပူးပေါင်းပြီး ဧကရီကို လုပ်ကြံခဲ့တာပါပဲ
ကျွန်မက ရှေ့ရေးတွေကြိုမြင်ခဲ့ပေမယ့် ကျွန်မ
တုံးအစွာ ဘာမှ မလုပ်ဆောင်နိုင်ခဲ့ပဲနဲ့ လွင်ချင်
ရဲ့ အဆိပ်အစီအရင်ကို မိခဲ့ပြီးသူမ နဲ့အတူ
တောနက်ထဲမှာ တစ်လကျော်တဲ့အထိ ရှိနေခဲ့ရ
တယ် နောက်ဆုံးတော့ ကိုယ့်ပြုသောကံသာလျှင်
ကိုယ့်ထံ ပြန်ရောက်ခဲ့တာပါပဲ ''

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now