ချွဲပလိုက်မယ် အဟီးဟီး

815 77 20
                                    

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၄၈ )

ကျန်းချန်နဲမင်းသားကြီးတို့က သဘောတူညီမှု
တစ်ခု ရယူခဲ့ကြတယ် ကျန်းသခင်လေးရဲ့အ
သက် ၁၈ နှစ်ပြည့်တဲ့အခါမှ လက်ဆတ်ဖို့တိုင်
ပင်ခဲ့ကြပြီး ကျန်းချန်က မင်းသားကြီးရဲ့မျက်
နှာရိပ်ကို အကဲခတ်လိုက်တယ်

'' ကိုယ်အတ္တကြီးသလိုများဖြစ်နေသလား ချန်
ငယ် မင်းလေးမှာ တတ်လမ်းတွေရှိနေသေးတယ်
လက်ထပ်လိုက်တဲ့အခါ ကိုယ်က မင်းအတွက်
အတားအဆီးများဖြစ်နေမလား ''

'' အဲ့ဒါကြောင်နှောင့်နှေးကုန်တာ ကျွန်တော်က အ
တွေးများတယ်လို့ မင်းသားကြီးကပြောပြီး
ကိုယ်တိုင်ရော အတွေးမများနေဘူးလား ''

'' အသွင်တူရင် အိမ်သူ ဖြစ်တယ်လေ ချန်
ငယ်ရဲ့''

ကျန်းသခင်လေးက ပါးပြင်တွေရဲမြန်းနေရင်း
ရယ်တယ် မင်းသားကြီးက လက်ရဲစွာနဲ့ ကျန်းသ
ခင်လေးရဲ့ လက်ကလေးအား ကိုင်ရင်း ဥယျာဉ်
တော်ထဲမှာ လမ်းဆက်လျှောက်ခဲ့ကြတယ်

နောက် ရက်အနည်းငယ် ကြာပြီးတဲ့အခါ သူတို့
တိမ်လွှာနန်းမြိုင်ကိုပြန်ဖို့ ပြင်ဆင်ကြတယ် အ
ရာ အားလုံးက တည်ငြိမ်စွာ ရှိနေတုန်းမှာပဲ လန်
မြို့တော်အတွင်းမှာ ခပ်ကြီးကြီးသတင်းတစ်ခုက
ပျံ့နှံ့သွားတယ် စူးအိမ်တော်ဆိုတာ ကုန်သွယ်
မျိုးရိုးဖြစ်ပြီး နန်းတွင်းရေးရာမှာလည်း
အထောက်အပံ့နဲ့အရေးပါတဲ့အိမ်တော်တစ်ခု
ဖြစ်တယ် စူးသခင်ကြီးက နန်းတွင်းအမတ်မ
ဟုတ်ပေမယ့် အင်အားလိုအပ်တဲ့အမတ်တွေက
စူး သခင်ကြီးရဲ့ ထောက်ပံ့မှုကိုလိုချင်ကြတယ်
စူး သခင်ကြီးမှာ တရားဝင်ရော တရားမဝင်ရော
သားသမီးပေါင်းများစွာ ရှိပြီးစူးသခင်ကြီးက
တရားဝင်သားသမီးများစွာကိုတော့ အရေးပေး
ပြီး ထိုအထဲမှာမှ လက်ရှိတွင်ပွဲထုတ်ပေးနေတဲ့
စူးသခင်လေး စူးကျောင်ချွမ် က ကျန်းသခင်
လေးကို များစွာသော ကျောက်မြတ်ရတနာ
အထည်အလိပ် လက်ဝတ်တန်ဆာ များနဲ့တင်
တောင်းလာတယ်

ဒီသတင်းက မင်းသားကြီးရဲ့နားထဲ မီးစတစ်ခုလို
ခပ်ပျင်းပျင်း တိုးဝင်သွားပြီး မင်းသားကြီးက
ဒေါသ ထွက်သွားတယ် အခု သူ့အပိုင်ကို ဘယ်
သူက လုယူချင်နေတာလဲ

တစ်ကြော့ပြန်သော သမိုင်းကြောင်းWo Geschichten leben. Entdecke jetzt