* တစ်ကြော့ပြန်သော သမိုင်းကြောင်း *
အပိုင်း ( ၆၄)
နံနက်စာစားပြီးနောက် ဆေးသောက်ခဲ့ရပြီးတစ်
ရေးတစ်မော အိပ်လိုက်တဲ့ ဧကရီက နေ့လယ်
ခင်းလောက်မှာ ပြန်လည်နိုးလာတယ် အိပ်ရေး
ဝလင်တဲ့အတွက် မျက်နှာသွင်ပြင်ကကြည်လင်
နေပြီး ဧကရာဇ် အနမ်းတစ်ချို့ မပေးပဲမနေနိုင်
ခဲ့ပြန်ဘူး ဧကရီက အညိုရောင်မျက်ဆံတောက်
တောက်တွေကို မျက်ခွံအစ်အစ်လေးတွေနဲ့ပြန်
လည်ဖုံးအုပ်လိုက်ပြီး သူကလေးက လှုပ်ရှားရမှာ
ကိုပင် ပျင်းရိနေကြောင်းအမှုအရာအပြည့်အဝ
ဖော်ပြနေတယ် ခန့်ထည်ကြီးမားတဲ့သလွန်ကြီး
၏ အလယ်တွင် အိပ်စက်နေတဲ့ဧကရီလေးက
ဧကရာဇ်အမြင်တွင်တော့ ဆန်မုန့်လုံးကစ်ကစ်
လေးနဲ့တူတယ် ပြီးတော့ဖက်ထုပ်လေးနဲ့လည်း
တူပြန်သတဲ့
''အစ်ကိုတော်နဲ့ကျန်းသခင်လေးက မကြာခင်
ကာလမှာ လက်ဆတ်တော့မယ် လို့ပြောတယ် ''
မျက်လုံးတစ်ဖက် ပွင့်လာရင်း ပါးစပ်ကလေးဝိုင်း
နေတဲ့ ဧကရီက ပျင်းရိစွာနဲ့ ထ ထိုင်လာပြီး
သူ့ရဲ့ မျက်ဆံတောက်တောက်တွေအား မျက်ခွံ
တွေနဲ့မဖုံးကွယ်ထားတော့ဘူး အသံစူးစူးလေးနဲ့
ပြောလာသည်မှာပင် ထိုငပျင်းလေးက ပုအိုက်၍
ခါးရိုးကွေးကာ ထိုင်နေသည် ပြည့်ရှင်က ဖတ်
လတ်စ သဝဏ်လွှာကို စားပွဲခုံပေါ်တင်လိုက်ပြီး
ငပျင်းလေး၏ဇိမ်ခံအမှီတစ်ခုပြုလုပ်ပေးဖို့
သလွန်ပေါ်သို့တတ်လှမ်းလိုက်တယ်
'' လက်ဆတ်တော့မယ် မင်းသားကြီးကဖူးပွင့်စ
ပန်းနုနုလေးကို အပင်လိုက်မျိုချတော့မယ်ပေါ့ ''
ပြည့်ရှင်က မထိန်းစွာပင်ရယ်လိုက်တယ်
'' ဒါဆို ကိုယ်တော်ကျတော့ရော ကလေးလေး
ဘယ်လို တွေးသလဲ ''
ဧကရီက ပါးလေးကိုပူလိုက်ဖောင်းလိုက်လုပ်
ရင်း သူဘာမှ မကြားသလိုပြုမူနေတယ် ပြည့်
ရှင်က အသက်ပြည့်ကာစ ကလေးငယ်၏ လူ
လည်ကျမှုကို ခံလိုက်ရပြီး သူဘာမှထပ်မပြော
တော့ဘူး အိပ်ယာထကာစ အပျင်းတစ်နေတဲ့ယုန်
ပေါက်လေး သက်သာစွာ ဇိမ်ယူနေဖို့ကိုပဲဦးစား
ပေးလိုက်တယ်
VOCÊ ESTÁ LENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanficဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်
