ချစ်တယ် အရှင် တဲ့

1.1K 101 29
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၃၈)

၁၅ နှစ်ပြည့်မှာ သခင်ပေါက်စလေးက နန်းပြင်ကို
ထွက်ခဲ့တယ် အရိုက်အရာ ဆက်ခံယူရမည်ဖြစ်တဲ့
အိမ်ရှေ့စံက အလုပ်များနေတဲ့အတွက် တသီတ
သန်းသော ကိုယ်ရံတော်များကို သခင်ပေါက်စရဲ့
မျက်မြင်ရာနှင့် မျက်မမြင်ကွယ်ရာကိုပါ ရှိနေစေ
ခဲ့တယ် ကလေးငယ်ရဲ့ လွတ်လပ်မှုကို မပိတ်ပင်
လိုသော အိမ်ရှေ့စံက ဆယ်ကျော်သက်အရွှယ်
လူငယ်လေး၏ ပျံသန်းလိုစိတ်ကို ဖွင့်ဟပေးထား
ခဲ့တယ် မှန်ကန်သော ရွေးချယ်မှုနဲ့ အလုပ်များ
ကို တစ်ကိုယ်တည်း ဦးဆောင်နိုင်သော အရည်အ
ချင်း ကောင်းများကို ကောင်းမွန်စွာ အသုံးချ
တတ်ဖို့ အိမ်ရှေ့စံ ခွင့်ပြုထားတယ် သူ့ရဲ့က
လေးငယ်ဟာ အဆံမရှိသော စပါးခွံ မဖြစ်စေရ
ပဲ အဆံရှိလျက် အပျင်းတစ်သော စပါးခွံလေး
သာ ဖြစ်စေရမယ် ရွံ့စေးအနေသာ ရှိသေးသော
ကလေးငယ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့် ထိုရွေးချယ်မှုအပေါ် အကောင်းမွန်အတောက်ပ
ဆုံးဖြစ်အောင် အိမ်ရှေ့စံကလမ်းပြပေးမည်

ဆယ်နှစ်ကွာသော အသက်အရွှယ်ကြားမှာ ကွာဟမှု နဲ့ ရှုပ်ထွေးမှု မရှိရအောင် အိမ်ရှေ့စံ
ကောင်းကောင်း ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ကလေး
ငယ်အား အစွမ်းကုန် အလိုလိုက်ကာ အကြိုက်
ဆောင်ရပေမည် အိမ်ရှေ့စံဟာ ကြင်ဖက်အပေါ်
မျိုးစုံသော ကကြိုးများစွာနဲ့ ချည်နှောင် ထုပ်
ပိုးထားခဲ့ပြီး အရောင်စုံသော ချစ်ခြင်းမေတ္တာ
များနှင့် အမြတ်တနိုးရှိနေခဲ့တယ်

ကလေးငယ်အား အိမ်ရှေ့စံက ထိုသို့
အမြတ်တနိုးရှိလှပါတယ်

သခင်ပေါက်စလေးက နန်းပြင်ထွက်ရတဲ့နေ့မှာ
မပြီးပြတ်သေးတဲ့ သူ့ရဲ့မြေယာကွက် တွင် စား
သောက်ဆိုင်ဖွင့်ဖို့ စီစဉ်လိုက်တယ် ဆိုင်ရဲ့ပုံစံ
ကို အသစ်အဆန်းပုံဖြင့် သပ်ရပ်နေအောင်
ကိုယ်တိုင် ဒီဇိုင်းရေးဆွဲခဲ့ပြီးနောက် မိဖုရားခေါင်
ကြီး ရွေးချယ်ပေးထားတဲ့ အတော်ဆုံး ဆောက်
လုပ်သူ တွေနဲ့ တွေ့ဆုံကာ လိုချင်သောပုံစံကို
ပြောဆိုညှိနှိုင်းခဲ့တယ် ဆောက်လုပ်သူတွေနဲ့
တွေ့ဆုံပြီးနောက် အလေ အလွင့်ဖြစ်နေသော
မြေ ကွက်တွေကို ကျိယန်အား ဝယ်ယူခိုင်း
လိုက်တယ် အရာအားလုံးကို ညွှန်ကြားပြွးတဲ့
နောက် ညနေစောင်းနေသည်မို့ ညနေဈေးထဲ
တွင် သရေစာ တစ်ချို့ ကို ဝယ်ယူစားသောက်
ခဲ့ပြီး တစ်ချို့ ကို ထုပ်ပိုးကာ နန်းတော်သိုပြန်
လာခဲ့တော့တယ် ကြင်ဖက်က၏အရိုက်အရာဆက်
ခံ ပွဲမှာ သခင်ပေါက်စလေး ရှေ့ဆုံးမှနေ၍
ကြည့်ရှူမည် ဖြစ်တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now