နေရာမရွေးဖူးပွင့်တဲ့ အချစ်ပန်း

831 69 11
                                        

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၀)

ညီလာခံ ခန်းမကျယ်ထဲမှာရှိ ရွှေရောင်တဖိတ်
ဖိတ်တောက်ပနေသော ပုလ္လင်ပေါ်မှာပဲ ထိုင်နေ
ဆဲဖစ်တဲ့ ဧကရာဇ်က မြို့နယ်အသေးစားလေး
တွေထဲကနေ ပေးပို့လာတဲ့ တိုင်ကြားလွှာတွေကို  မျက် ​မှောင်ကြုံ့လို့ဖတ်နေတယ် ဒီတိုင်ကြားလွှာ
တွေက အမတ်တွေရဲ့ ရည်ရွှယ်ချက်ရှိရှိ ပယ်ချခံထားရပြီး ဧကရာဇ်က ယွီပင်းကို
လိုက်လံ စုံစမ်းယူလာခဲ့စေခြင်းဖြစ်တယ် မှူး
မတ်တွေက ဧကရာဇ်ရဲ့ ပြတ်သားခြင်းကို မမြင်
ရတာ ကြာနေပီဖြစ်တော့ မေ့လျောကာ အရမ်းကို
ရဲတင်းနေကြတယ် ညီလာခံခန်းမရဲ့ အပူချိန်က
တရိပ်ရိပ် ထိုးကျလာတယ် ဧကရာဇ်က အကြမ်း
ထည် ပေလွှာလေးနဲ့ မသေသပ်သောရေးသား
မှုတို့နဲ့ တိုင်ကြားလွှာလေးကို လက်ထံမှာမြဲမံ
အောင် ဆုပ်ကိုင်ထားရင်း မျက်လုံးကို တင်းတင်း
မှိတ်ထားကာ စိတ်ကို ဖြေသိမ့်နေရတယ်  နယ်စပ်မှ
ရှေ့ပြေးအမြန်စစ်သည်နဲ့အတူ
အကြောင်းကြားလွှာ ရောက်ရှိလာကြောင်း
လျှောက်တင်ပေးရမယ့် ကုန်းကုန်းက တွန့်
ဆုတ်တွန့်ဆုတ် နဲ့ တုန်ရီစွာလျှောက်တင်ပေးလိုက်
တယ်

'' မင်းကြီး  အရှေ့နယ်စပ်ကနေ သဝဏ်လွှာပေး
ပို့လာပါတယ် ''

'' ယူခဲ့ ''

ကုန်းကုန်းကနယ်စပ် တပ်သားထံမှ ပေလွှာကို ယူ
လ်ုက်ပြီး ဧကရာဇ်ကို ပေးလိုက်တယ် ဒူးထောက်
လျက် ခေါင်းကိုငုံ့ကာ ခစားနေရတဲ့ စစ်သည်
လေးက အသံသေးသေးလေးနဲ့ဧကရာဇ်ကို ထပ်
လျှောက်ရတယ်

'' ဟို.. ''

'' တိတ်စမ်း အရှင်မင်းကြီးက စကားပြောခွင့်ပေးလို့လား ''

သဝဏ်လွှာကို ကြည့်ရင်း အငြင်းပွားမှုကို ကြား
နေရတဲ့ဧကရာဇ်က သဝဏ်လွှာဘေးက ပုတိုတို
အပိုစာရွှက်လိပ်ကို နားမလည်သလိုကြည့်နေ
တယ်

'' မောင်မင်း လျှောက်စရာရှိတာလျှောက် ''

'' ဟို ဒီလိုပါ ဒီသဝဏ်လွှာက တပ်မှူးဝမ်
ဟောက်ရွှမ်းက ရေးပို့တာပါ ပြီးတော့ ဘေးက
စာရွှက်အပုလေးက ဧကရီကို ပေးပေးဖို့ တပ်မှူး
က မှာကြားလိုက်လို့ပါ အရှင်မင်းကြီးခင်ဗျ ''

တစ်ကြော့ပြန်သော သမိုင်းကြောင်းМесто, где живут истории. Откройте их для себя