* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၆၁)
ုဧည့်ခံပွဲအတွင်းမှာ ဧည့်သည်တွေရောက်ရှိနေ
ပြီး ပွဲအပြင်အဆင်မှာ ခရမ်းနှစ်ရောင်တို့ဖြင့်
သာ ပြည့်နှက်နေ၍ အဖြူနဲ့အနီတွဲဖက်ဝတ်ဆင်
ထားတဲ့ ဧကရီ က ပွဲအတွင်းတွင် ထင်းထွက်နေခဲ့
တယ် ဧကရီက ဟောက်ရွှမ်းလက်ကိုချိတ်လို့ ကော့
တော့ကော့တော့နဲ့ ကျန်းချန်အနားလာရပ်ပြီး
ပွဲအပြင်အဆင်ကို မျက်လုံးမှေးမှေးနဲ့လိုက်
ကြည့်တယ် ကျန်းချန်က သူ့ရဲ့ခြေထာက်နှစ်
ဖက်ကို ပုံမှန်ထက် တွေတောင့်စွာရပ်လို့ မှီတွယ်
လာသော ဝက် ခန္ဓာကိုယ်၏အလေးချိန်ကို
တောင့်ခံထားရတယ် သေဖော်သေဖက်နှစ်
ယောက်ကို ပျင်းရိစွာမှီထားတဲ့ ဧကရီပုစိက အသံ
စူးစူးစွာစွာနဲ့ တွတ်တွတ်ပီအောင် ပြောလာ
တယ်'' ကျန်းသခင်လေး မင်းက အိမ်ထောင်ကျပြီး
လည်းပုဒုမ္မာကြာကိုပဲ ဆက်ဝတ်နေမှာလား''ကျန်းချန်က ခေါင်းမော့လို့ ပြန်ဖြေတယ်
'' ငါက ဘာလို့တစ်ခြားအရောင်တွေ ဝတ်ရဦးမှာ
လဲ ငါကျန်းမျိုးရိုးက နေဝင်ချိန်ထိ ဒီအရောင်ကို
ပဲ ဝတ်ဆင်သွားမှာ '''' နေထွက်ချိန်ကျ တော့ရော ခွီး ''
'' မင်းမနောက်နဲ့ ငါတို့ကျန်းအိမ်တော်ရဲ့ရိုးရာ
ကို ငါကမစွန့်ပစ်ဘူး အမြဲ ခရမ်းရောင်ကိုဝတ်
ထားမှာ ''ဖြတ်သွားဖြတ်လာ မုန့်အချိုသယ်သွားသူထံမှ
ပန်းကန်တစ်ချပ်ကို ဖြတ်ယူပေးထားရတဲ့ဟောက်
ရွှမ်းက အလိုလို ဧကရီရဲ့ မုန့်ပန်းကန်ကိုင်ဝန်
ဆောင်သူဖြစ်လာတယ် ဟောက်ရွှမ်းကနှုတ်ဆိတ်
နေတယ် သူဘာမှ ဝင်မပြောရဲဘူး မှားမှားမှန်မှန်
သူက ခံဖက်က ကြီးပဲ သူအနားယူရမယ်'' ဒါဆို လက်ထပ်ပြီးရင်ရော့ ''
ကျန်းချန်က တစ်ချက်တွေဝေသွားတယ် လူအ
များဝိုင်းရံထားတဲ့ သူ့ရဲ့အနာဂတ်အမျိုးသားက
အဖြူနဲ့အပြာနုကို တွဲဖက်ဝတ်ဆင်ထားပြီးချို
အေးစေသော အပြုံးတစ်ခုကို နှုတ်ခမ်းထက်တွင်
ချိတ်ဆွဲထားခဲ့တယ် လန်ရှီးချန်ကိုငေးမောနေတဲ့
ကျန်းချန်ကိုကြည့်ပြီး ဝက်ပေါက်က ဟောက်ရွှမ်း
ကိုင်ထားတဲ့ပန်းကန်ထဲမှ မုန့်အချိုနှစ်ခုကို ပါး
စပ်ထဲ ထိုးသိပ်လိုက်ပြီး လျှပ်တစ်ပျက်အချစ်
ဒရမ်မာလေးကို မျက်လုံးပြူးကြည့်တယ်
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်