ဤသို့သောလက်ဆတ်ပွဲ

1K 94 17
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း (၄၁)

(ကိုယ့်နောက် က fic တွေဟာ ဝှီးခနဲ ဝှီးခနဲ ပြီးသွားကြပေမယ့် ကိုယ့်မှာ လှည်းအနင်းခံရတဲ့
တောက်တဲ့ဖြစ်ကောင်းနေတုန်း 😂 )

မင်္ဂလာဝေါယာဉ်က သခင်ငယ်လေးရဲ့အဆောင်
ရှေ့မှာ ရောက်ရှိနေခဲ့တယ် လေးလံသောဝန်ကို
မခံးစားရစေတဲ့ ရဲရဲတောက်ပနေသော မင်္ဂလာ
ဝတ်ရုံတော်ကို သခင်ပေါက်စလေးသဘောကျလှ
တယ် စုရှားနဲ့နောက်ပါ အပျိုတော် နှစ်ယောက်
က သခင်ပေါက်စလေးကို သွက်လက်စွာ ပြင်
ဆင်ပေးပြီးနောက် မင်္ဂလာခမ်းမသို့ သွားရောက်
ဖို့ရာ.အချိန်ကျရောက်နေခဲ့ပြီ ဖြစ်တယ် ကိုယ်
ရံတော်ကျိယန်က အရိပ်နက်အဖွဲ့နဲ့ပူးပေါင်းလို့
သခင်ပေါက်စလေးအား အနီးကပ်လျက် စောင့်
ရှောက်နေရတယ် တစ်ချက်ကလေး မျှပင် လွဲသွား
လို့ မရတဲ့ အနေအထားပင်ဖြစ်တယ် စုရှားက
ကလေးငယ်ကို ကူတွဲကာ အဆောင်တော်ထဲမှ
ထွက်လာတော့ ဝေါယာဉ်အတွင်းအပြင်အား စစ်
ဆေးပြီးသွားတဲ့အရိပ်နက်က သခင်ပေါက်စလေး
နောက်မှ ကျိယန်ကို ခေါင်းငြိမ့်ပြလိုက်တယ်
ရဲရဲ နီနေသော ဝေါယာဉ်ပေါ်သို့ သခင်ပေါက်စ
လေး နေရာယူပြီးသည်နှင့် အမှုထမ်းယောင်
ဆောင် အရိပ်နက်အဖွဲ့ဝင်တွေက ဝေါယာဉ်ကို
ပေါ့ပါးစွာ မလိုက်ကြတယ် သခင်ပေါက်စလေး
ရဲ့ ငယ်စဉ်က ရင်းနှီးဖူးတဲ့ အရိပ်နက်အဖွဲ့ဝင်
တွေဟာ သူတို့ကလေးလေး အိမ်ထောင်ပြုခြင်း
အား နှာတရှုံ့ရှုံ့ ဂုဏ်ပြုကြတယ် သခင်လေး
က အသက်ပင် မပြည့်သေးဘူးမလား

ကြီးကျယ်ခမ်းနားလှတဲ့ အဆောင်အယောင်တွေ
နဲ့အတူ ဧကရာဇ်ရဲ့ကြင်ဖက်အပေါ် အဖိုးထား
ခြင်းတွေကို ပွဲတတ်ရောက်ရတဲ့ မင်းသားမင်းသ
မီးတွေ အမှုထမ်းတွေက မထင်မှတ်စွာ သိရှိတွေ့
ကြုံလိုက်ကျရတယ် ခန်းမ၏ ကြမ်းပြင်မှစလို့ မျက်နှာကျက်နှင်ြ ကြီးမားတဲ့တိုင်လုံးများ ဟာ ​ရွှေရောင် တဖိတ်ဖိတ်​တောက်ပနေပြီး
ခမ်းနားလှတဲ့ပွဲ၏ ပြင်ဆင်ထားခြင်းမှာ လန်တိုင်း
းပြည်ရဲ့ကြွယ်ဝခြင်းတွေကိုတွေ့မြင်နိုင်တယ်

ရွှေရောင်နံရံထက်မှာ မြောက်များစွာသော ပန်းချီ
များကို ချိတ်ဆွဲထားတယ် ဝဖြိုးကာ ချစ်စရာ
ကောင်းလှသော ကလေးငယ်တစ်ယောက်၏ အမျိုးစုံစွာ ဆော့ကစားနေပုံကို နောက်ကျောဘတ်
မှ အသက်ဝင်အောင်ရေးဆွဲထားတဲ့ပန်းချီကား
များ၏ အောက်ခြေတွင် ကွမ်း ဟူသော အမည်နာ
မ တစ်ခုနဲ့ တံဆိပ် တစ်ခုကို ထင်ရှားစွာ ဖော်ပြ
ထားတယ် မည်ကဲ့သို့ တုံးအသူ ဖြစ်ပါစေ ဤ
နန်းတော်သို့ စတင်ဝင်ရောက်မယ့် ဂိတ်တံခါးမှ
စပြီး ထွင်းထုထားတဲ့ အဆိုပါတံဆိပ်ပုံစံဟာ လန်
မျိုးရိုးရဲ့ တံဆိပ်ပုံစံမှန်းသိသာတယ် ဆိုလိုတာက ထိုပုံများကို လန်မျိုးရိုးတစ်ယောက်က ရေးဆွဲ
ထားပြီး ရေးဆွံထားသူရဲ့အမည်နာမ က ကျွမ်း
ဆိုသော ဧကရာဇ်၏ ဘွဲ့နာမည်နောက်ဆုံးစကားလုံးဖြစ်တယ် ငယ်စဉ်ကလေးဘဝတည်းက
သန့်စင်စွာ မြတ်နိုးခဲ့ခြင်းဖြစ်ကြောင်း သိသာစေ
သော ကလေးငယ်ရဲ့ မျောက်ရှုံးအောင် ဆော့က
စားနေပုံ အသေးစိတ်ကို ညဏ်ရည်ထက်မြက်လှ
တဲ့ ဧကရာဇ် က ပုံဖော်ထားခဲ့တယ် လက်ဆတ်ပွဲ
ကို ချီးမြင့်ဂုဏ်ပြုခွင့်ရတဲ့ တတ်ရောက်လာကြသူတွေက သူတို့ရဲ့ဘဝမှာ မကြုံဖူးမမြင်ဖူးသော
ချစ်ခြင်း တစ်ခု၏ မယုံနိုင်စရာသော မြတ်နိုး
ခြင်းတွေကို တွေ့ကြုံခံစားလိုက်ကြရတယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now