ချစ်တတ်တထက် ပိုပါတယ်

777 70 19
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၂)

ညနေ စောင်းလာတဲ့အခါ ဧကရာဇ်က တော
တောင်မှာ ပျော်မွေ့တဲ့ယုန်ပေါက်လေးကို ပြန်
ဖို့အခှန်ကျကြောင်း ဆော်သြော်ရတယ် ယုန်
ပေါက်ရဲ့စူပွပွ အပြုအမူကြောင့် ဧကရာဇ် ချော့
မြူကျီစယ်လိုက်တယ် သူ့ကလေးလေးက တ
ကယ်များယုန်ဝင်စားတာလား သူ့ကလေးလေးက တောတောင်ရေမြေသဘာဝကို အရမ်းသ
ဘောကျတယ် မြက်ခင်းပြင်ပေါ် က ရွံနွံတွေကို
သူ့ကလေးက မရွံရှာဘူး သဘာဝအရ ရှင်သန်
နေတဲ့ တောကောင်တွေကို မြတ်နိုး အင်း သဘော
ကျတယ် ရေကြည်ကြည်မှာ တဖျက်ဖျက်ကူးခတ်
နေတဲ့ငါးတွေကို အဟင်း အဟမ်း အရမ်းသဘော
ကျတယ် သူတို့က ကင်လိုက်ရင်တအားမွှေး
တယ် လေ အင်း...

ကလေးလေးက အသားစားယုန်များလား¿¿¿

'' ကိုကို့! ! ''

'' ဗျာ ဗျာ ''

သူတို့အခု မြင်းဖြူကိုစီးကာ တောအုပ်မှ
ထွက်လာပြီး၍ မြို့ထဲသို့ဝင်တော့မှာဖြစ်တယ်
ယွီပင်းက ဧကရာဇ်အမိန့်အရ သူ့မြင်းနဲ့သူ
သခင်တစ်ပါးပုံစံယူကာ သေရည်အိုးကိုခါး.
တွင်ချိတ်လို့ချောမောတဲ့မျက်နှာကိုပြသထား
တယ် စုရှားသိရင် အာပေါက်မတတ်ချော့ရ
မှာသိပေမယ့် မင်းအမိန့်မို့ သူမလွန်ဆံရဲ
ညနေစောင်းဈေးသည်တွေက ပူပူလောလော
အစားအသောက်တို့ကို ဆိုင်ခန်းခင်းကာ နေရာ
တကျ ဖြစ်နေကြတယ်

ဧကရာဇ်ရင်ခွင်ထဲက ယုန်ပုစိလေးက မျက်လုံး
တောက်တောက်လေးနဲ့ လှုပ်ရွရွလေးရှိရင်းပြော
လာတယ်

'' ညနေဈေးစားပြီးမှ သွားလည်း အချိန်နောက်ကျ
ပါပုနော် ဟုတ်တယ်မို့လား ကိုကိုး ''

'' ဟုတ်ပါရဲ့ဗျာ ကလေးလေးစားချင်တာစား ''

ခါတိုင်းထက်ပိုသော လူများစွာစည်းကားနေတဲ့ လမ်းမကြီးနဲ့ဈေးသည်တွေက သူတို့ရဲ့ရေမြေ့အရှင်၏ ရက်မြတ်ထူးမွေးနေ့ အချိန်အခါကြောင့် မီးပုံးထိန်ထိန်ထွန်းထားကြကာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတယ် လူများလွန်း၍ မြင်းစီးသွားဖို့ အဆင်မပြေ
တဲ့အတွက် ဧကရာဇ်နဲ့ဧကရီက မြင်းပေါ်မှဆင်း
ကာ ဧကရာဇ်က မြင်းကိုဆွဲရင်း လက်တစ်ဖက်
က သူ့ကလေးလေးရဲ့လက်ဖဝါးသေးသေးလေး
ကို လွှတ်မထွက်သွားအောင် ဆုပ်ကိုင်ပေးထား
တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now