ကိုယ်တော့်ရဲ့ နတ်ဘုရားလေး

1.2K 98 21
                                    

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း (၃၁)

စစ်ဖြစ်ပွားရင် ပြည်သူတွေ ဒုက္ခခံစားရမယ်
ကိုယ်တော့် ကလေးငယ်ကိုထိရင်
ကိုယ်တော် ရဲ့နှလဲုးသည်းအူမှာ
နာကျင်ခံစားရတယ်
ကိုယ်တော့် ရဲ့အသက်ဓာတ်ကလေးကို
ထိတဲ့သူအတွက် ပြစ်ဒဏ်ကို
ကိုယ်တော် ကိုယ်တိုင်သာ စီရင်မယ်
ထိုစီရင်ခြင်းမှာ ယောကျာ်းမိန်းမ ခွဲခြားချင်းမရှိ
ကိုယ်တော့် ချမှတ်သော ဥပဒေသည်
တစ် သတ် မှတ် တည်းသာ ရှိပေ၏

မိုးသောက်ယံ၏ လေးချက်တီးအချိန်တွင် လန်နန်း
တော် အရှေ့တံခါးမကြီး၌ မီးတုတ်များ အစီအရီ အများအပြား ထိန်ညီးစွာဖြင့် ထွန်းလင်းနေခဲ့
တယ် တန်တိုင်းပြည်၏ အလံမှာ ကောင်းကင်ယံ
ထက် တလူလူလွင့်လျက်ရှိတယ်

လန်အိမ်ရှေ့စံက အဖြူရောင်ဝတ်ရုံတော်ကို
သေသပ်စွာ ဝတ်ဆင်ထားပြီး မီးရောင်များ
အောက်၌ တည်ကြည်စွာဖြင့် မားမားမတ်မတ် ရပ်နေခဲ့တယ် လက်စွဲတော်ဓား ပီချန်အား ဆွဲကိုင်
လျက် လက်တစ်ဖက်က နောက်သို့ပစ်ထားကာ
မျက်နှာသေဖြင့် ရပ်နေသော လန်အိမ်ရှေ့စံအား
မျက်တောင်မခတ် ကြည့်နေပါသော တန်မင်းသ
မီးဟာ သူမ၏ အိမ်ရှေ့စံအပေါ် သဘောထားရှိ
မှုကို သိမြင်အောင် ဖော်ပြသယောင်ရှိနေတယ်

အိမ်ရှေ့စံ၏ အနောက်နားတွင် မတ်တပ်ရပ်နေသော  ရံတော်ယွီပင်းက အနှီးအရှက်မဲ့သော မင်းသမီး၏ အပေါ်မျက်ခွံနှင့်အောက်မျက်ခမ်း
စပ်နှစ်ခုကို ဆွဲပိတ်ချင်လာတယ်

တန်မင်းသမီး '' ယွဲ့ချူ သွားပါတော့မယ် တန်ပြည်ကို အိမ်ရှေ့စံလာမယ်လိုမျှော်လင့်ပါတယ် ''

အိမ်ရှေ့စံ '' လမ်းခရီးဖြောင့်ဖြူးပါစေ ''

နန်းတော်တံခါးဝတွင် တစ်ခမ်းတစ်နား ပြင်ဆင်
ထားသော မြင်းလှည်းတစ်ခုအပေါ်သို့ ပင်းယွဲ့ချူက တရွေ့ရွေ့ တတ်သွားခဲ့တယ်
သံအမတ်ကြီးက သူ့ရဲ့သမီးဖြစ်သူနဲ့အတူ အိမ်
ရှေ့စံကို ဂါဝရပြုကာ လှည်းနောက်မှ မြင်းကိုယ်စီ စီးကာ တရွေ့ရွေ့ ထွက်ခွာ သွားကြတယ်
ရဲမက်အပေါင်းခြံရံလို့ ထွက်ခွာ သွားတဲ့ လူတန်း
ရှည်ကြီး မြင်ကွင်းမှပျောက်ကွယ်သွားသည်နှင့်
လန် နန်းတော်၏ တံခါးမကြီးကို တံခါးစောင့်များ
ပိတ်လိုက်ကြတော့တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now