* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၅၁)
တစ်ရက်ပြီးတစ်ရက်လွန်ဖြတ်သန်းပြီးတဲ့အခါ
ဧကရာဇ်ရဲ့ အလွန်ခန့်ညားချောမောမှုတွေက
ပိုပို တိုးပွားလာသလို ဧကရာဇ်ရဲ့ကလေးလေး
ဟာလည်း ယုန်ဆိုးလေး ဖြစ်ဖြစ်လာတယ် ပိုပို.
ချစ်ဖို့ကောင်းလာတာကတော့ အသေအချာ ပင်
ဖြစ်တယ် ဧကရာဇ်က ကုန်လွန်သွားသော နေ့
ရက်များမှာထပ် သူ့ကလေးလေးအပေါ် ရူးသွပ်
စွာ ချစ်မဝဆဲ ပဲ မပြောင်းလဲသော ချစ်ခြင်းတွေ
က ကြက်သိန်းထစရာကောင်းလောက်အောင်
တသွင်သွင်းစီးဆင်းရင်း စီးဆင်းမြဲ ဖြစ်တယ်ဧကရာဇ်နဲ့ဧကရီကို အနီးကပ်ခစားရတဲ့ နှစ်ကြာ
တစ်ကိုယ်တည်းသမား အမှုထမ်းလေးတွေက
ဒီပျက်ရှင် ဝင်ပြီးရင်ဝင်လာကြတယ် ဒီလိုနေ့
တိုင်း အော့အန်လောက်သည်အထိ ခွေးစာစား
နေရတဲ့ဒုက္ခကို ဘယ်သူက ကိုယ်ချင်းစာပေးနိုင်
မှာ မဟုတ်ဘူး ငါတို့ရဲ့လက်တွဲဖော်တွေက
ဘယ်သွားသေနေကြသလဲ !!'' ပေါင်ပေ့ ကလေးလေး ပုစိလေး ''
မြို့ထဲတွင်ခေတ်စားနေတဲ့ အချစ်ဝထ္ထုတစ်ပုဒ်ကို
သလွန်ပေါ်တွင် ဝမ်းယားမှောက်လျက်
သဲသဲ မဲမဲ ဖတ်နေတဲ့ ယုန်ပေါက်လေးကို
ဧကရာဇ် သလွန်အနားမှာရပ်နေရင်း မတိုးမ
ကျယ်အသံဖြင့် ခေါ်လိုက်ပေမယ့် အကောင်
ပေါက်ရဲ့ အဖတ်မလုပ်ခြင်းကိုသာ လက်ခံရရှိခဲ့
တယ် ဧကရာဇ်က ပြုံးရင်း ယုန်အဆိုးလေးရဲ့
ခေါင်းလုံးလုံးလေးကို ပွတ်သပ်လိုက်တယ် ပြီး
တော့ သခင်ပေါက်စလေးရဲ့ နံဘေးမှာ ပူးကပ်စွာ
လဲလျောင်းလိုက်ရင်းသခင်ပေါက်စလေးရှိရာ
ဘတ်သို့ ဘေးတစောင်းနေလိုက်ကာ ခေါင်းကို တံ
တောင်ကွေး၍ လက်ထောက်လိုက်တယ်
ဧကရာဇ်ရဲ့ အကြည့်စူးစူးတွေက မကြာခင်မှာ
အသက် ၁၇ နှစ်ပြည့်တော့မယ် ယုန်ပုစိလေးအ
ပေါ်မှာ ကျရောက်နေတယ် အန္တရာယ်တွင်းကြီး
ကြီးတစ်ခုထဲ ကျရောက်တော့မယ် ယုန်ပေါက်က
အနာဂတ်ကို မသိမမြင်ပဲ အချစ်ဝထ္ထုကိုသာ
စိတ်ဝင်တစားဖတ်နေခဲ့တယ်''ကလေးလေး... ''
အဖက်လုပ်ခြင်းမခံရတဲ့ ဧကရာဇ်ရဲ့လက်တစ်
ဖက်က သခင်ပေါက်စလေးဖတ်နေတဲ့စာအုပ်အပေါ်
သို့ ကျရောက်သွားတယ် နှောက်ယှက်ခံလိုက်ရတဲ့
ယုန်ပေါက်လေးရဲ့ ပြူးပြူးပျာပျာ မျက်ဝန်း
တွေက ဧကရာဇ်ကို ယခုမှသာ မြင်တယ်
![](https://img.wattpad.com/cover/284888237-288-k570327.jpg)
CZYTASZ
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်