* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း (၃၅)
အိမ်ရှေ့စံက ဝက်ပေါက်ကလေးရဲ့ လုံးအိအိ ခန္ဓာ
လေးအား လက်တစ်ဖက်က ထွေးပွေ့ထားရင်း
လက်တစ်ဖက်က စစ်ဗျူဟာ ရေးဆွဲနေခဲ့တယ်
အိမ်ရှေ့စံရဲ့ ကြီးမား၍အနွေးဓာတ်ရှိသော လက်
ဖဝါး ကြီးကြီး၏ ပွတ်သပ်မှုအောက်တွင် ဇိမ်ကျနေ
တဲ့ သခင်ပေါက်စလေးက ခြေတိုအမွှေးဖွား
ကြောင်ဖြူလေးနဲ့တူလှတယ် နူးညံ့တဲ့အမြီးရှည်
ရှည်လေးက တလှုပ်လှုပ်ဖြစ်နေမှာ မလွဲဧကန်ပင်
ဖြစ်လိမ့်မယ် အိမ်ရှေ့စံအား မှီတွယ်ထားကာ
ငြိမ်သက်နေတဲ့ ဝက်ပေါက် ကလေးက ဟောက်
ရွှမ်းဟာ ကျူစစ်သူကြီးနဲ့အတူ နယ်စပ် စစ်တပ်
နောက်သို့ ပါသွားပြီဖြစ်ကြောင်းနဲ့ နှစ်ရက်နေ
လျှင် မင်းသားကြီးလန်ရှီးချန်၏ တိမ်လွှာနန်း
မြိုင်သို့ စာသင်သားများနဲ့အတူ အပြန်ခရီး၌
ကျန်းချန်လည်း လိုက်ပါသွားရမှာ ဖြစ်ကြောင်း
သိရှိထားတာဖြစ်လို့ စိတ်မချမ်းသာစွာဖြင့်ဝက်
ကလေးက မှိုင်တွေနေတယ်အိမ်ရှေ့စံ '' ဖြေးဖြေးဝါး ဝက်ပေါက်ကလေး''
ဝေ့ပုစိ '' ဝူး ဝူး ''
အိမ်ရှေ့စံက သူ့ကလေးလေးပေါက်စီဝါးနေပုံ
ကို လှည့်ကြည့်လာတယ် မကျေနပ်ချက်များနဲ့အ
တူ အကိုက်ခံအဝါးခံ နေရသော အသားပေါက်စီ
အားကြည့်ရင်း အိမ်ရှေ့စံ စိတ်မသက်မသာဖြစ်
မိရတယ် သူရဲ့နယ်စပ်ကို ထွက်ခွာမယ့် အကြောင်း ဝက်ပေါက် ကလေးကို အိမ်ရှေ့စံပြောပြဖို့အ
ရေးက အင်မတန် ရင်လေးစရာကောင်းလွန်းနေ
တယ်အိမ်ရှေ့စံ '' ဟင်း! ! ''
ဝေ့ပုစိ '' အဲ့ဒါ ဘာယဲ ချိတ်မချေတာယာ့ ''
အိမ်ရှေ့စံ '' ဟုတ်ပါ့မလား ကိုယ်တော်က ကလေးလေးကို ဘယ်လောက် အရေးပေးသလဲ ''
ဝက်ပေါက် ကလေးက သူ့ရဲ့ပေါက်စီကိုသာ တ
စိုက်မတ်မတ် ဆက်ဝါးနေခဲ့တယ်အိမ်ရှေ့စံ '' ကိုယ်တော်... ''
ပြတ်သားရဲရင့်လှတဲ့ လန်အိမ်ရှေ့စံက တုံ့ဆိုင်း
နေတယ် ရှေ့ဆက်ပြောရမယ့်စကားလုံးတွေအ
တွက် အိမ်ရှေ့စံ မဝံ့မရဲနေတယ် အိမ်ရှေ့စံရဲ့စ
ကားတွေကို ဘယ်နားကဝင်ပြီးလျှင် ညာဘတ်နား
မှ ထုတ်ပစ်လိုက်တဲ့ သခင်ပေါက်စလေးက
သူ့ကို တစ်ကိုယ်တည်း ချန်ထားရစ်ပြီး
ဝေးကွာသွားတဲ့ သေဖော်သေဖက် နှစ်ကောင်ကို
လွမ်းဆွတ်နေရင်း နောက်ထပ်သော ပေါက်စီ
တစ်လုံးကို ဆက်စားနေခဲ့တယ် အိမ်ရှေ့စံက
တလှုပ်လှုပ်ဝါးနေတဲ့ ယုန်ပေါက်ကို ကြည့်နေရင်း
သူ့အတွက် တစ်ရက်သာ အချိန်ရှိကြောင်း
စဉ်းစားမိကာ စိတ်ညစ်ညူးလာတယ်
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်