* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၄၃)
မနက် အာရုံဦးမှာ ဧကရာဇ်ဟာ နိုးလာခဲ့တယ်
ရောင်နီမသန်းသေးတဲ့ အာရုဏ်ချိန်ဖြစ်လို့ အပြင်
ဝန်းကျင်မှာတော့ အမှောင်ထုသာ ကြီးစိုးနေတယ်
ဧကရာဇ် နိုးလာချိန်ဟာ မနက် ၃ ချက်တီးအချိန်
ဖြစ်တယ် ဧကရာဇ်ဟာ သူ့ကလေးလေးရဲ့ နှစ်
ခြိုက်စွာ အိပ်စက်နေပုံကို ငေးရင်း မျက်ဝန်းနက်
နက်တွေက ပျော်ရွှင်ရိပ်မြူးပြီး ပြုံးယောင်သန်း
နေခဲ့တယ် ဧကရာဇ် သလွန်ပေါ်တွင် ဘေး
တစ်စောင်း ထိုင်လိုက်တော့ တအင့်အင့် ငြီးငြူ
ရင်း တိုးဝှေ့စရာရင်ခွင် လိုက်ရှာနေတဲ့ ကလေး
ငယ်ကြောင့် အိပ်ယာ ထ တော့မယ့် ဧကရာဇ်က သူ့ကလေးလေးကို ရင်ခွင်ထဲ ထွေးပွေ့လို့ တစ်ဖန် အိပ်ယာ ထက် လဲလျောင်းပေးနေခဲ့တယ်သီချင်းသံ ခပ်တိုးတိုးက နဂါးဆောင်အတွင်း
တငြိမ့်ငြိမ့် စီးဆင်းသွားတယ် အသက်ရှူမှန်
မှန်နဲ့ အိပ်ပျော်သွားတဲ့ ကလေးငယ်ကြောင့်
ဧကရာဇ် အိပ်ယာမှထကာ ဂွမ်းစောင်အားလုံခြုံ
အောင် ခြုံပေးခဲ့ပြီး မျက်နှာ သန့်စင်ဖို့ စတင်
လုပ်ဆောင်တော့တယ် ဧကရာဇ် အရာအားလုံး
ပြီးစီးသွားတော့ အပြင်မှာ ရောက်ရှိနေတဲ့
ကုန်းကုန်းကိုခေါ်လိုက်ပြီး ဆောင်ရွှက်စရာကိစ္စ
များကို ညွှန်ကြားလိုက်တယ် ဧကရာဇ်က သူ့
ကလေးကို နံနက်စောစော အိပ်ယာနိုးဖို့အတွက်
မဝံမရဲ ဖြစ်နေခဲ့တယ် သို့ပေမယ့် မပြီးဆုံးသေး
သော အခမ်းအနား တစ်ခုအတွက် အခှန်မှီပြင်
ဆင်ရန် ကလေးငယ်က စောစီးစွာ အိပ်ယာထ
ဖို့ လိုအပ်တယ် ဧကရာဇ်ကပြုံးရွှင်သော မျက်
နှာပြင်နဲ့ ကလေးငယ်ရဲ့ နုထွတ်နေသောပါးပြင်
လေးအား နှာခေါင်းနစ်ဝင်အောင် နမ်းရှိုက်လိုက်
ပြီးမှ သူ့ရဲ့ကြင်သူဇနီးအား အိပ်ယာနိုးလိုက်
တယ်'' အသည်းလေး ကိုယ်တော့်ရဲ့ အသက်ကလေးရေ
အိပ်ယာ မထချင်ဘူးလား ''လည်တိုင်နုနုကို တရှုံ့ရှုံ့နမ်းရင်း လှုပ်ရွအောင်
ပြုမူနေတဲ့ ဧကရာဇ်ကြောင့် ကလေးငယ်က မျက်
လုံး စင်းစင်းလေးတွေနဲ့ အခြေအနေတွေကို နား
လည်အောင် စူးစမ်းကြည့်ရှုတယ် လျှာရဲရဲလေး
ပေါ်အောင် ဝှါးခနဲ သန်းဝေရင်း ထ ထိုင်လာတဲ့
ကလေးငယ်က ကြောင်ပေါက်ကလေးနဲ့တူနေတယ်
လို့ ဧကရာဇ်တွေးလိုက်မိတယ် လက်ခုံလေးနဲ့
မျက်ခွံလေးတွေကို ပွတ်သပ်နေချိန်မှာ ဧကရာဇ်က
ကလေးငယ်ရဲ့ ကိုယ်သေးသေးလေးကို သူ့ရဲ့
ပေါင်ပေါ် ပွေ့တင်လိုက်ပြွး အတန်ကြာအောင်
ထိ မျက်ခွံတွေကို ပွတ်သပ်နေတဲ့လက်ကလေးနှစ်ဖက်
ကို သိမ်းယူလိုက်ရတော့တယ်
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်