မင်းသားကြီး၏ ဆုံးဖြတ်ချက်

972 84 7
                                        


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၄၅)

'' ကုန်းကုန်း ကိုယ်တော့်ကို  အစီရင်ခံစာတွေအကုန်ယူလာခဲ့ပေး''

'' မှန်လှပါ မင်းကြီး ''

ဧကရာဇ်က နဂါးဆောင်ထဲသို့ပြန်ဝင်သွားပြီး
မကြာခင် ကုန်းကုန်းယူဆောင်လာပေးတဲ့ အစီရင်
ခံစာတွေကို စတင်ဖတ်ရှုတော့တယ် လွန်ပြီးသော
အချိန်အနည်းငယ်က ရယ်မောသံတွေပျံ့လွှင့်ခဲ့
တဲ့ နဂါးဆောင်ဟာ ယခုတော့ ဆိတ်ငြိမ်ခြင်းတို့
သာ ကြီးစိုးတော့တယ် ကုန်းကုန်းနဲ့အပျိုတော်
များက နဂါးဆောင်ပြင်မှာ အစီအရီမတ်တပ်ရပ်
လျက် ဧကရာဇ်ကို ခစားနေကြတယ်

သဝဏ်လွှာကို ဖတ်ရှုနေတဲ့ ဧကရာဇ်ရဲ့စိတ်တွေ
က လူအများအလယ်မှာ သူ့ရဲ့ကလေးလေး အ
ဆင်ပြေ ချောမွေ့ပါ့မလားဆိုတာကို စိုးရိမ်ပူပန်
နေတယ် ဧကရာဇ်ကသူ့ကလေးလေးကို ပြည့်စု
စွာ သင်ကြားပေးထားပြီးဖြစ်တဲ့အတွက် ကလေး
ငယ်ရဲ့အရည်အချင်းကို စိတ်မပူပန်ပေမယ့်
မိခင်တစ်ဦး၏ သားငယ်အပေါ် ပူပန်မှုတို့ကို ခံ
စားနေရတယ် ပထမဆုံးစာသင်ကြားဖို့ကျောင်း
တော်သို့မိမိကလေးငယ်အား ပို့ပေးလိုက်ရပါ
သော ခံစားချက်ကို ဧကရာဇ်ခံစားနေရရှာတယ်

ဧကရီလိုက်ပါလာတဲ့ ဝေါယာဉ်က ခန်းမရှေ့သို့
ရောက်လာသည်နှင့် ခန်းမအတွင်းရှိလူများရဲ့
အာရုံက တံခါးမကြီးဆီသို့စုပြုံရောက်လာကြ
တယ် လန်နန်းတော်အတွင်းရှိ အဆင့်မြင့်အမှုထမ်း
တို့လည်းရှိနေပြီး မြောက်မြားစွာသောတော်ဝင်
မျိုးနွယ်တို့က အဆင့်အလိုက် စီတန်းထိုင်နေကြ
တယ် လန်ပြည်တွင် တိမ်မြုပ်တော့မလိုဖြစ်နေတဲ့
ကော မျိုးနွယ်က တစ်ပါးသောပြည်များတွင်
တော့ များပြားလျက်ရှိနေသေးပြီး တော်ဝင်အ
မျိုးအနွယ် တစ်ချို့များများက ကောများဖြစ်
နေကြတယ် ခန်းမတံခါးချပ်ကြီးက ပွင့်သွားပြီး
နောက် ဧကရီ အပေါ်ခြုံလွှာကို အနားသို့ရောက်
လာသော အမှုထမ်းထံ ပေးလိုက်ပြီး ရဲရဲနီနေသောဝတ်ရုံတော်ဖြင့် တစ်လှမ်းချင်းစီ စင်မြင့်
အပေါ်သို့ တတ်ရောက်သွားတယ် စိုးထိတ်ခြင်း
မရှိ ကြောက်လန့်ခြင်းကင်းမဲ့လျက် ယုံကြည်မှု
ပြည့်ဝသော မျက်နှာသွင်ပြင်နဲ့အတူ သေသပ်
ကာ ကျက်သရေတင့်သော လျောက်ဟန်ပုံဖြင့်
ဧကရီလေးရဲ့ ပုံစံက ၁၆ နှစ်အရွှယ်ဆိုသော ငယ်
ရွှယ်မှုကို လှောင်ပြောင်ချင်သော လူအများအား
ကောင်းကောင်းဖြတ်ရိုက်နိုင်ပစ်ခဲ့တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းМесто, где живут истории. Откройте их для себя