သခင်ငယ်လေး

1.3K 111 20
                                    

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၂၇)

အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့ ဝေ့သခင်လေးက အဆောင်တော် တံခါးကိုဖွင့်လို့ မျက်လုံးလေးမှေးကျဉ်းကာ အပြင်ဘတ်က
တသီတသန်းသော ကုန်းကုန်းနဲ့အပျိုတော် တို့
ကို အစာချောင်းတဲ့သားကောင်လေးလို စူးစိုက်ကြည့်နေခဲ့တယ် ဝက်ပေါက်ကလေးက လှုပ်လီလှုပ်လဲ့နဲ့ အဆောင်တော်အပြင်ကို ထွက်လာလိုက်
တယ် အနောက်မှာ အမှုထမ်းတို့က တသီတသန်းပါပဲ လန်အရှင်မင်းမြတ်ထံ သွားတဲ့ အိမ်ရှေ့စံက အခုထိ ပြန်မလာသေးဘူး ဝက်ပေါက်ကလေး ပျင်း
လာတယ် သူပစ်ထားတဲ့ သေဖော်သေဖက်
မျောက်မူးလဲ နှစ်ကောင်ကိုလည်း သတိရသွား
တယ် ဒီအချိန်ဆို အဲ့ဒီ့နှစ်ကောင် ရှစ်စွမ်းရဲ့ဆေးဖိုမှာဆေးကူကြိတ်ပေးနေရလောက်တယ် သခင်
ပေါက်စလေး ' ခစ်ခနဲ ' ရယ်လိုက်တယ် ထိုမျောက် မူးလဲ နှစ်ကောင် သူ့ကို ကျိန်ဆဲနေမှာ အသေအချာပဲ

ဝေ့ပုစိ '' အွန်း အီ့ ''

အပျင်းကြော ဆန့်ပြီးနောက် သခင်ပေါက်စလေး ခေါင်းလေးကျင့်ခန်းလုပ်တဲ့အခါ ပါးဥဥ နှစ်
ဖက်က တုန်နေခဲ့တယ် မြင်နေရတဲ့ အစေခံတွေက
အူယားနေကြတယ် သူတို့ ဒီမြင်ကွင်းကို လက်လွတ်မခံနိုင်ဘူး ရှာလကာရည်နံ့ကင်းသော သန့်ရှင်းလတ်ဆတ်တဲ့လေ
ထုနဲ့အတူဒီချစ်ရာမြင်ကွင်းလေးကို ပိုင်ဆိုင်
လိုက်ရတဲ့ဒီနေ့မှာတော့ ကံကောင်းတော့မယ်လို့ သူတို့ ယူဆလိုက်ကြတယ် ဒါ့အပြင် အိမ်ရှေ့စံမင်းသားက လန်မင်းကြီးနဲ့ အချိန်ကြာကြာ စကား
ပြောပါစေလို့ သူတို့ စိတ်ထဲ ကြိတ်ဆုတောင်း
လိုက်ကြတယ်

ဝေပုစိ '' အင်းးးးး ''

အကြောလျော့ပြီးနောက်မှာတော့ သခင်ပေါက်စ
လေးက သူ့နောက်က အမှုထမ်းတို့ကို ကြည့်ပြီး
အပြုံးကြီးကြီးပြုံးလိုက်တယ် လေ့ကျင့်
ခန်းလေး.လုပ်လိုက်ရအောင် အမှုထမ်းအပေါင်း
တို့

ဝေ့ပုစိ '' ခစ်ခစ် ''

အဖြူလုံးလေးက လှိမ့်လှိမ့် လှိမ့်လှိမ့် ပြေးတယ်
အမှုထမ်းတို့က ခပ်နှေးနှေးပြေးလိုက်ရင်း သခင်
ပေါက်စလေးကို မမှီယောင်ဆောင်ရတယ် အရှင့်
သားရဲ့ ပိုးဥလေးလို ဂရုတစိုက်အယုအယများ
ကြားမှာ နေထိုင်လာတဲ့ သခင်လေးက ဘယ်လို
များ ကြမ်းတမ်းစွာ ပြေးလွှားနိုင်မလဲ

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now