မင်္ဂလာဦးညနဲ့ အမူးသမား

1K 89 14
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း (၄၂)

လက်ဆတ်ပွဲ ပြီးဆုံးသွားတော့ ဧကရီက နဂါး
ဆောင်သို့ ခေါ်ဆောင်သွားခံရတယ် ရဲရဲနီနေသော မင်္ဂလာအပြင်အဆင်တွေထဲ ကျယ်ပြန့်
လှတဲ့ သလွပေါ်မှ ရနံမရှိတဲ့နှင်းဆီနီနီတွေရဲ့ ပွင့်
ဖက်တွေက သခင်ပေါက်စလေးရဲ့ အတွေးတို့ကို
မှောင်မှိုက်ကျသွားစေတယ် အနံ့မွှေးတဲ့ ဖယောင်းနံ့
တွေသာ ရှိတဲ့ အခန်းထဲ သခင်ပေါက်စလေးက
သက်တောင့်သက်သာ ရှိနေတယ် ဇာပုဝါပါးပါး
အောက်က မျက်နှာနုနုလေးမှာ ခပ်ရဲရဲကလေးရှိနေ
ကာ ပေးထားသော ဧကရာဇ်ရဲ့ကတိစကားတွေကို ပြန်ကြားယောင်ရင်း ယုန်မျက်သွယ်စွန်း
လေးတွေမှာပုလဲလေးတွေ တလှိမ့်လှိမ့်သီခဲ့တယ်

ဝမ်းသာ၍ ကျဆင်းလာသောမျက်ရည်စတို့ကို
သုတ်လိုက်ရင်း ဧကရီက တစ်ဦးတည်းတွေး
တောကာ ပြုံးလိုက်သေးတယ် ငိုလ်ုက် ရယ်လိုက်ဖြင့်  သူ့ရဲ့အဲပြုအမူတွေကို ပြန်စဉ်းစားမိတဲ့ ဧကရီက သူ့ဘာသာလည်း ငါရူးနေပြီ ဆိုနေတဲ့ စကားသံခပ်တိုးတိုးလေး ပြောလိုက်ပါသေးတယ်
ညဥ့်မနက်မှီမှာပဲ ဧကရာဇ်က နဂါးဆောင်သို့
ရောက်လာတော့တယ် ဧည့်သည်တွေကို ဧည့်ခံရင်း သေရည်အနည်းအများတော့ သောက်ခဲ့ရပြီး
ဧကရာဇ်မူးနေပုံကို မြင်တွေ့ရလိမ့်မယ်လို့
သခင်ပေါက်စလေးက ထင်ထားခဲ့ပေမယ့် ပုံ
မှန်မျက်နှာအနေအထားနဲ  သေရည်နံ့မွှန်ထူ
မနေတဲ့ ဧကရာဇ်ကြောင့် ဧကရီက ခေါင်းလေး
စောင်းလို့ပုဝါးပါးအောက်က လှမ်းကြည်ခဲ့တယ်  အခန်းထဲ ဝင်လာတဲ့ ဧကရာဇ်က သူ့ကလေးလေးရဲ့အပြုအမူကိုကြည့်ပြီး သလွန်နားသို့ လေအလျင်နှုန်းနဲ့ ရောက်ရှိသွားတယ်

'' အူယားအောင်လို့ ကလေးလေးကိုယ်တော် လွမ်းနေခဲ့တာ ''

'' ဘယ်လောက် ဝေးနေရလို့လဲ နော် ''

သလွန်ပေါ်ရှိ အနီလုံးလုံးလေးကို တနင့်တပိုးဖက်
ပစ်လိုက်တဲ့ ဧကရာဇ်က ပုဝါပါးပါးကို ခပ်မြန်မြန်
ဖယ်လိုက်ပြီး ပေါ်လာတဲ့ ပန်းရောင် မျက်နှာနုနု
လေးကို တမေ့တမော ငေးကြည့်ပြီးနောက် တရှုံ့ရှုံ့လိုက်နမ်းပစ်ခဲ့တယ် သခင်
ပေါက်စလေးက အနည်းငယ်သာ ရုန်းပြီး
ုဧကရာဇ်ရဲ့ လက်ထဲမှာ မလူးမလွန့်ဖြစ်နေရှာ
တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now