လူသားဆန်လိုက်

836 75 21
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၄၇ )

အာရုံမလင်းမှီအခှန်၌ တိတ်ဆိတ်နေသော နဂါး
ဆောင်တွင်

'' ဟတ်ချိုး ''

'' ကျွတ် ကျွတ် ကလေးလေး... ''

ကြီးမားသော ဝါဂွမ်းစောင်ဖြူကြီးထဲတွင် နစ်
မြုပ်နေသည့် ကလေးငယ်က မျက်နှာလေးသာ
ဖော်ထားပြီး နှာချေလိုက်ရခြင်းကြောင့် နိုးတော့
မလို တအင်းအင်း တအဲ့အဲ့ ညည်းငြူလာတယ် ခန္ဓာသေးသေးလေးက ဟိုသည် ရွေ့လျားကာ တ
လှုပ်လှုပ်ဖြစ်တာကြောင့် ဧကရာဇ်က ကလေး
ငယ်ကို ဖက်ထားကာပြန်လည်ချော့သိပ်လိုက်
တယ် ရင်ခွင်ထဲရှိ ယုန်ပေါက်စလေး ငြိမ်သက်
၍ အိပ်မောကျသွားတော့မှ ဧကရာဇ်က ယုန်
ပေါက်ကလေးရဲ့နဖူးကို စမ်းသပ်ကြည့်လိုက်တယ် ညမအိပ်မှီ ဆေးတစ်ခွက်ကို ချော့မြူကာ တိုက်
ထားတာဖြစ်လို့ ယခုတွင် အပူငွေ့နည်းနည်းသာ
ရှိတော့တယ် ဧကရာဇ်က နဖူးနွေးနွေးလေးအား
နမ်းရှိုက်လိုက်ပြီး ကလေးငယ်ရဲ့ကျောပြင်လေ
အား ခပ်ဖွဖွပွတ်သပ်ကာ ဖျားနာနေတဲ့ယုန်ပေါက်စ
လေးကို တစိမ့်စိမ့်ကြည့်နေခဲ့တယ်

မထူမပါးမျက်ခုံးမွှေးကစပြီးမျက်တောင်ကော့
ကော့လေးတွေကို ဧကရာဇ် ရေတွက်ကြည့်နေမိ
တယ် နှာထိပ်ရဲရဲလေးက ဆေးရည်သုတ်လိမ်း
ထားသလို အသက်ဝင်နေတာမို့ ဧကရာဇ်ကသူ့
ရဲ့ လက်ညိုးထိပ်နဲ့ တို့ထိလိုက်တယ်

'' ကိုယ်တော်ရူးတော့မယ် ကလေးလေးရဲ့ ''

တိတ်ဆိတ်နေတဲ့နဂါးဆောင်ထဲမှာပြည့်ရှင်ဘုရင် ရဲ့ အသံအက်အက်ဖြင့် တီးတိုးရေရွတ်သံက မကျေ
မခဲ ထွက်ပေါ်လာတယ် ထို့နောက် ဧကရာဇ်ရဲ့
ခပ်တိုးတိုးရယ်သွမ်းသံက နဂါးဆောင်အတွင်းထဲ
သို့ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်တယ်
ဧကရာဇ်က ကုစရာဆေးမမှီတော့တဲ့လူလိုမျိုး
အိပ်စက်နေတဲ့ ယုန်ပေါက်ကလေးကိုကြည့်ပြီးရူး
သွပ်နေမိတော့တယ် ပိုင်ဆိုင်ရရှိထားကာ ထွေး
ပိုက်လို့ နီးကပ်စွာ တည်ရှိနေကြပေမယ့် တစိမ့်
စိမ့်ကြည့်ရင်း လွမ်းဆိပ် တရိပ်ရိပ် တတ်လာခဲ့ပြီး
မကျေချမ်းစရာ ခံစားချက်ကို ဧကရာဇ် မငြင်းဆန်
နိုင်ပဲ လက်ခံရရှိထားလိုက်ရတယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now