* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း (၃၉)
အမှောင်ထုကိုသာ ရရှိခံစားရတော့တဲ့ ပင်းယွဲ့ချူ
က သူမရဲ့ ဘဝအဆုံးသတ်ကို ခါးသီးစွာနဲ့ရင်
ဆိုင်လိုက်ရတော့တယ် သူမ ချစ်ခဲ့တယ် သိပ်ချစ်
ခဲ့တယ် နက်ဆွေးသော မျက်ဝန်းတွေကို ပိုင်ဆိုင်
ထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ခံစားချက်မ
ရှိသော အကြည့်များကိုမှ သူမ ရင်ခုန်ခဲ့တယ်
ကိုယ့်ကျင့်တရားနှင့်ပြည့်စုံ၍ သိက္ခာရှိကာ မာန
ကြီးလွန်းသော အဆိုပါ ယောကျာ်း၏ စကားသံ
ကို ကြားရဖို့အတွက်က ရွှေငွေရတနာ တွေထက်
ရှားပါးလှတယ် စံပြလူငယ် ထူးမြက်သော
အိမ်ရှေ့စံ လန်မျိုးရိုးထဲတွင် အငယ်ဆုံးသော
မျိုးဆက်သစ် ယောကျာ်းကောင်း လိုလူကိုမှ
သူမ ရူးမိုက်စွာ ချစ်ခဲ့ပြီး ပိုင်ဆိုင်ချင်ခဲ့တယ် ဒါ
ပေမယ့် သူမ ဘာတွေလုပ်ခဲ့သလဲ ပင်းယွဲ့ချူ
ဟာ သူမရဲ့ ရူးမိုက်လွန်းလှတဲ့ လုပ်ရပ်တွေကို သူ.မရဲ့ နောက်ဆုံးအချိန်ရောက်ခါနီးတွင်ပင် နား
မလည် နိုင်ခဲ့ဘူး လိုတရ နေသော သူမရဲ့ဘဝမှာ
ရူးသွပ်တဲ့ တစ်ဖက်သောအချစ်ကို မှ အတ္တကြီး
ကြီး ပိုင်ဆိုင်လိုသော ရမ္မက်တို့ဖြင့် သူမ မှား
ယွင်းစွာ ဆုံးဖြတ်ပြီး မိုက်မဲသော လုပ်ရပ်တို့ကို
လုပ်ခဲ့တယ် သူမ သိပ်ချစ်ရပါတယ်ဆိုတဲ့ ထို
ယောကျာ်း၏ အမြတ်တနုးချစ်ရသူကို အဆိပ်ခတ်
ခဲ့တယ် ဒါက သူမ အမှားမဟုတ်ဘူး ကိုယ်နှစ်ချီ
ပြီး ချစ်ခဲ့ရတဲ့ ချစ်ရသူက တစ်ခြားတစ်ယောက်
ကို ခစားချစ်မြတ်နိုးနေတာ သူမ ဘယ်လိုစိတ်
မျိုးနဲ့ နားလည်ပေးရမလဲ ဟင့်အင် အဲ့ဒီ အဆိပ်
ခတ်မှုက သူမ မမှားယွင်းခဲ့ဘူးဒါဆို သူ့ရဲ့ ဖခင်ကို အဆိပ်ခတ်တာကရော
ပင်းယွဲ့ချူက တစ်ယောက်တည်းစိတ်ထဲမှာ မေး
လ်ုက်ဖြေလိုက်နှင့် သွပ်သွပ်ခါရူးနေသည့်ပုံ
ပေါက်နေခဲ့တယ် လန်မင်းကြီးကို သူမ အဆိပ်
ခတ်တာ မဟုတ်ဘူး အဲ့ဒါ သံအမတ်ကြီးခတ်တာ
ဟုတ်တယ် အဲ့ဒါ သံအမတ်ကြီးအပြစ် ငါ့ မှာ အပြစ်
မရှိဘူး ငါက ဘာလို့ အဖမ်းခံပြီးနှိပ်စက်ခံနေရမ
လဲ ငါ့အပြစ်မရှိဘူး ဟုတ်တယ် ငါ့ကိုလွှတ်ပေး
လွှတ်ပေး လွှတ်ပေးစမ်း...
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်