* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၃၄ )
အရှင်မင်းမြတ်က ဖြေဆေးသောက်ပြီးနောက်
ကျန်းကျန်းမာမာ ရှိလှတယ် မိဖုရားခေါင်ကြီးရဲ တစ်နေ့တစ်နေ့မရိုးနိုင်သော ဆူပူပြောဆိုမှုကို နားအူအောင် အဆူခံနေရတာက လွဲရင် အရှင်း
မင်းကြီးက အဆင်ပြေနေပါတယ်ချူလန်းနယ် စပ်အရေးနဲ့တန်မင်းသမီးရဲ့ သ
တင်း အကြောင်းက ဆိတ်ငြိမ်နေလှ၍ သခင်
ပေါက်စလေးက မသင်္ကာဖြစ်နေရှာတယ် နှစ်
တိုင်းပြည်၏ အရေးအခင်းဖြစ်လာစေမယ့် အ
ကြောင်းကိစ္စအား အိမ်ရှေ့စံအရှင် ထိန်းချူပ်
စီမံထားသည်မှာ ပိရိသေ သပ်လွန်းလှတယ်အရှင်မင်းမြတ်သက်သာလာပြီး သုံးရက်ကြာသည့်
တိုင် လန်နန်းတော်ဟာ အေးချမ်းသာယာလွန်းနေ
သည်က ပုံမှန်ထက် ပိုကဲနေတယ် ညဏ်ကြီးရှင်
ယုန်ပေါက်လေးက မင်းသားကြီးလန်ရှီးချန်ထံပါး
မှာ စကားနှိုက်ပါသော်လည်း မင်းသားကြီးက
အူကြောင်ကြောင်တွေ ပြန်ဖြေတာကြောင့် သ
ခင်ပေါက်စလေး အကြံအိုက် နေခဲ့တယ် စိတ်
ညစ်ညူးနေတဲ့ဝက်ပေါက် ကလေးက အရှင်မင်း
မြတ်ထံ ကျန်းမာရေးသတင်းပါးရင်း နေ့လယ်စာ
သွားသွား ကပ်စားကာ သူ့ရဲ့နေရက်တွေကို သာ
ယာစွာနဲ့ပဲ ဆက်လက် နေထိုင်ခဲ့တယ်သို့ပေမယ့် ချူလန်းအရေးက ထင်သလောက်
မငြိမ်သက်တဲ့အခါမှာတော့ အိမ်ရှေ့စံအကြံအိုက်
နေရှာတယ် တန်တိုင်းပြည်ရဲ့ နန်းတွင်းအခြေအ
နေက သံအမတ်ရဲ့ လက်အောက်မှာ ရှိနေတာ
ကြောင့် အိမ်ရှေ့စံကနယ်စပ်ကိုလိုက်ကာ ဖြေရှင်း
သုတ်သင်ရမယ့် အခြေအနေကို ရောက်နေခဲ့တယ်နှစ်နိုင်ငံအရေးအခင်းဖြစ်လာနိုင်တဲ့အတွက်
တတ်နိုင်သမျှ စစ်ရှောင်ရှား ချင်သော်လည်း ထင်
သလို မဖြစ်လာနိုင်သော အခြေအနေအရပ်ရပ်
ကြောင့် အိမ်ရှေ့စံက သူ့ရဲ့ကလေးငယ်ကို နန်း
တော်ထဲမှာ နေခဲ့စေဖို့ ရွေးချယ်လိုက်တယ်
ချူလန်းနယ်စပ် နဲ့ တန်ပြည်၏ နယ်စပ်မှာ မနီးမ
ဝေး ဖြစ်နေတဲ့အတွက် စစ်ဖြစ်ပွားမှုကို ထိန်း
ချူပ် ဖိုက အိမ်ရှေ့စံကိုယ်တိုင်သာ ဦး
ဆောင်ဖြေရှင်း ရမှာဖြစ်တယ်
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်