ဧကရီ နိုးလာပြီ

769 80 9
                                    

* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၅)

လန် တိုင်းပြည်ကြီးရဲ့အနာဂတ်က မှောင်မှိုက်နေ
သလို ပြည်သူတိုင်းကခံစားနေရတယ် နေ့ရက်
တိုင်းမှာ အုံမှိုင်းသော ရာသီဥတုကြီးနဲ့အတူ
မပျော်ရွှင်ချင်သော တစ်မျိုးတစ်ဖုံစိတ်တို့က
ဝမ်းနည်းလွယ်နေကြတယ် ပြည့်ရှင်ဟာ နေ့ရက်
တိုင်း မနက်ခင်းညီလာခံသာ ပြုလုပ်ပြီး အမှားမခံ
သော စိတ်အခြေအနေဖြင့်သာ ရှိနေခဲ့တယ်
ဝမ်ရိုဟန်၏ နောက်လိုက်အမတ်အတော်များ
များက တရားရုံးတော်တွင် များပြားသောပြစ်
ချက်များကြောင့် ရိုက်နှက်ခံရပြီး တစ်နှစ်လစာ
နှစ်နှစ်လစာ သုံးနှစ်လစာ အထိ လစာမဲ့အပြစ်
ပေးခံရသည့်အပြင် လက်ရှိရာထူး၏ တစ်ဆင့်နိမ့်
သော နေရာသို့ ရောက်ရှိသွားကြတယ် ဝမ်ရို
ဟန်က မပြောင်းလဲသော နေရာတွင်ရှိနေပေ
မယ့် ရုံးတော်တွင်အနှိပ်စက်ခံရသော ဒဏ်များ
ကြောင့် သေချာပေါက် တစ်လ အထိ အိပ်ယာ
ထဲ လှဲနေမည်ဖြစ်သည် နန်းတော်အတွင်းရှိ
နန်းတွင်းသူနန်းတွင်းသားများမှာလည်းပုံမှန်လုပ်
စရာများကို လျင်မြန်စွာလုပ်ဆောင်နေကြပြီး
စုရုံးကာ စကားပြောချင်းပဲမရှိပဲ စက်ရုပ်များပ
မာ သွားလာလှုပ်ရှားနေခဲ့ကြတယ်

ဧကရာဇ်က မနက်ခင်းညီလာခံပြီးချိန်တွင် နဂါး
ဆောင်သို့သာပြန်လာပြီး ဧကရီကို နေ့စဉ်မ
ပျက်ပြုစုပေးခဲ့တယ် နေ့လယ်စာကို တစ်ပန်း
ကန် သုံးဆောင်ပြီး ညလယ်စာကိုလည်း တစ်
ပန်းကန်သုံးဆောင်ကာ ဟင်းအမည်များကို စား
သုံးချင်းမရှိပဲ ထမင်းဖြူကိုသာ လျင်မြန်စွာသုံး
ဆောင်ပြီး အသက်မရှိသော သူပမာ ဧကရာဇ်၏
နေ့စဉ်နေထိုင်ရှင်သန်နေမှုက မြင်ရသူတိုင်း
ဝမ်းနည်းစေခဲ့တယ်

ကိုယ်ရံတော်ယွီပင်းက ဧကရာဇ်၏ နံဘေးတွင်
မတ်တပ်ရပ်နေပြီး စေလွှတ်ခိုင်းစေချင်းခံရသော.
အရိပ်နက်က ဧကရာဇ်ကို လေးနက်စွာလျှောက်
ထားလာတယ်

'' အရှင်မင်းကြီး နတ်နန်းဆောင်မှာ နတ်နန်းသခင်
မကြီးက သူ့ရဲ့တပည့်ရင်းမလေး နဲ့အတူ
နတ်နန်းမှာ ရှိမနေတာ တစ်လ မျှရှိနေပီလို့ စုံစမ်းသိရှိရပါတယ် ''

တစ်ကြော့ပြန်သော သမိုင်းကြောင်းحيث تعيش القصص. اكتشف الآن