ချစ်တတ်သူကြီး

713 65 7
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၅၈)

ဧကရီ နန်းတော်ထဲမှာရှိမနေတဲ့အခါ နဂါးဆောင်
ကြီးက ခြောက်ကပ်သွားတယ် ဧကရာဇ်က သူ့ရဲ့
ကျေးဇူးတော်ကြောင့် စည်ပင်ဝပြောလာတဲ့ မြို့
ငယ်လေးတွေရဲ့ ကျေးဇူးစကားလျှောက်လွာ
များကိုဖတ်ပေမယ့် မျက်မှောင်ကြုံ့နေခဲ့တယ်

အဲ့ဒါက အထီးကျန်လွန်းတယ်
သူ့ကလေးလေးက သူ့ကိုနန်းတော်ထဲမှာထားခဲ့
တယ် ပြည့်ရှင်က မျက်မှောင်ကြုံ့ကြုံ့နဲ့ကုန်း
ကုန်းကိုမေးလိုက်တယ်

'' ဘယ်အချိန်ရှိပီလဲ ''

ကုန်းကုန်းက ဧကရာဇ်ရဲ့စိတ်အနေအထားကိုခန့်
မှန်းမိပြီး ခပ်သွက်သွက်ပဲ ပြန်ဖြေလိုက်တယ်

ဒါက သုံးခါ မြောက်ဖြေခြင်းပေါ့

'' အရှင်မင်းကြီး နံနက်ခင်း အနည်းငယ်ကျော်လွန်
တဲ့အချိန်သာရှိပါသေးတယ် ''

ဧကရာဇ်က လက်ထဲရှိ သဝဏ်လွှာကို ခုံပေါ်တင်
လိုက်ပြီး ခပ်တင်းတင်းပြောတယ်

'' နေ့တာရှည်တယ် ''

ကုန်းကုန်းက ရုတ်တရပ်ပြည့်ရှင်အလိုကျအောင်
ဘယ်လို တုံ့ပြန်ပြောရမလဲ မသိပေမယ့် အလျင်
အမြန်ပြန်ပြောလိုက်တယ်

'' ဆောင်းရာသီ ကုန်စပြုလာပါပြီဘုရား ပြီးတော့
ဧကရီ ရဲ့မွေးနေ့ကလည်းနောက်တစ်ပတ်ထဲမှာ
ရှိပါတယ်ဘုရား ''

ဧကရာဇ်က ခေါင်းတငြိမ့်ငြိမ့်နဲ့ မျက်နှာပြင်က
ပြန့်ပြူးလားပြီး ခပ်အေးအေးဖြစ်သွားတယ်

'' ဧကရီမွေးနေ့အတွက် အထူးပွဲမလုပ်ဘူး
မောင်မင်းတို့ ကျင်းပချင်ရင် အဲ့ဒါကို သက်
သက်လုပ်လိုက်ဖို့ စီစဉ် ''

'' မှန်လှပါ ဘုရား ''

ဧကရာဇ်က ဧကရီရဲ့ ၁၇နှစ်ပြည့်မွေးနေ့ကိုကုန်း
ကုန်းမပြောရသေးခင်ကပင် အမှတ်ရနေခဲ့ပြီးဖြစ်
တယ် သို့တိုင်စကားနိုင်လုပွဲနဲ့ စိတ်ရှုပ်စရာ အ
ခြေအနေအပြင် မှူးမတ်တွေ၏ သူ့ထက်ငါအ
ပြိုင်ယှဉ်ပြိုင်မှုတွေက ဧကရီကို များစွာစိတ်ရှုပ်
စေတယ် စိတ်ရင်းမပါသော ရေပေါ်ဆီစား
သောက်ပွဲ ကြီးကြားမှာ ဧကရာဇ်က သူ့ကလေး
လေး စိတ်ရှုပ်ရမှာမလိုလားဘူး သူ့ကလေးလေး
ရဲ့မွေးနေ့မှာ သူလေးဖြစ်စေချင်သော ဆန္ဒနဲ့
လုပ်ချင်သောအရာများကို အတူတကွလိုက်လံ
ဆောင်ရွှက်ပေးဖို့ ဧကရာဇ့်ကစဉ်းစားထား
တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now