* တစ်ကြော့ပြန်သော သမိုင်းကြောင်း *
အပိုင်း ( ၃၀)
အိမ်ရှေ့စံက သူ့ရဲ့ဝက်မူးလေးကို ဧည့်ခံတည်
ခင်းပွဲကနေ ချီပွေ့ကာ ခေါ်ဆောင်လာရတယ်
နားမလည်သော ဘာသာစကားတစ်ချို့နဲ့
သီချင်းကို သီဆိုတဲ့ ဝက်ပေါက် ကလေးက မျက်
လုံးလေးတွေမှေးစင်းထားရင်းကနေ တွန့်လိမ်
နေအောင် တလှုပ်လှုပ်ကတယ် ညဆိုင်းတာဝန်
ကျတဲ့ ရဲမက်တွေနဲ့ ပွဲအတွက် လုပ်ဆောင်ပေးရ
တဲ့ဖြတ်သွားဖြတ်လာ အစေခွတွေက သခင်
ပေါက်စလေးရဲ့ အောင်မြင်လှတဲ့ အသံစူးစူး
ကြောင့် လှည့်ကြည့်လှည့်ကြည့်တွေ ဖြစ်လာ
ကြတယ် သူတို့ ထိုအမူးသမားလေးကို တင်း
ကြပ်နေအောင် ပွေ့ဖက်ပစ်ချင်လာကြတယ်ဝေ့ပုစိ '' အားရေ အားရေ့းးးး ''
အိမ်ရှေ့စံ '' အသံလျော့ဦး ဝက်ပေါက် ကလေး
ကိုယ်တော် နားတွေအူလာပြီ ''ဝေ့ပုစိက မျက်လုံးလေးတွေမှေးစင်းထားရင်း
အိမ်ရှေ့စံကို ရှုတည်တည်ရုပ်ကလေးနဲ့ ကြည့်
လာတယ် ဖောင်းလွန်းတဲ့ပါးနှစ်ဖက်ကြောင့်
ဇက်မနိုင်စွာ ခေါင်းလေးက နောက်သို့လှန်ကျ
သွားတယ် အိမ်ရှေ့စံ ဝက်ပေါက်ကလေးရဲ့ ခေါင်း
လုံးလုံးလေးအား လက်တစ်ဖက်နဲ့ ထိန်းပေးထား
ရင်း အသံတိတ်ကြိတ်ကာ ရယ်လိုက်ရတယ်ဝေ့ပုစိ '' အဲဒါ ဘာအကြည့်လဲနော် မကြိုက်ဝူး
အကြည့်တွေပြင် ''ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေကို အလိုမကျပါသော ဝက်ပေါက် ကလေးကနှုတ်ခမ်းတစူစူ
ဖြစ်လာတယ်အိမ်ရှေ့စံ '' ခေါင်းမူးနေလား အခုဘယ်လို
ခံစားနေရလဲ ''ဝေ့ပုစိ '' ဝွန့် ''
နဖူးကနေ စီးကျလာတဲ့ ချွေးစီးတွေကို အိမ်ရှေ့စံ
အလိုမကျမိခဲ့ ကလေးငယ်အား သေရည်ပေး
သောက်မိတဲ့ ကိုယ့်ကိုယ် ကို ပင် အပြစ်တင်မိ
တယ် ဘယ်လိုဖြစ်ဖြစ် သူ့ရဲ့ ဝက်ပေါက် ကလေးက အသက်မပြည့်ရှာသေးဘူးအိမ်ရှေ့စံ '' ငြိမ်ငြိမ်နေ ခဏလေးကွာ ကိုယ်
တော် ချွေးသုတ်ပေးချင်လို့ ''တွန့်လိမ်နေပါသော ကလေးငယ်အား အိမ်ရှေ့
စံ ကြည့်နေရုံသာ တတ်နိုင်တယ် ထိုယုန်ငမူးလေး
က ဘယ်လို ခံစားမှုနဲ့ ဘာတွေမြူးထူးနေလဲ အိမ်
ရှေ့စံ မစဉ်းစားတတ်ပေ
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်